အပိုင်းသစ်(၁)ဇာတ်ကောင်ကို ပေါ်လွင်အောင်ဖော်ပြနိုင်ပြီး ပိုင်နိုင်စွာ သရုပ်ဆောင်ပြနိုင်တဲ့မင်းသမီး Kim Tae Ri ရဲ့ ဇာတ်ကားသစ်ထွက်ရှိလာပါပြီ ပရိသတ်ကြီးတို့ရေ ..၁၉၅၀ နှောင်းပိုင်း ကိုးရီးယားစစ်ပွဲအပြီး ယွန်းဂျောင်ညွန်းဆိုတဲ့မိန်းကလေးဟာသူ့အမေနဲ့အတူ မာဖိုမှာ ပင်လယ်ခုံးတွေရောင်းချရင်းနဲ့အသက်မွေးဝမ်းကျောင်းကာ ဘဝကိုဖြတ်သန်းနေသော်ငြားလည်းသူ့ရဲ့အိပ်မက်စစ်ကတော့ ဆိုးလ်အခြေစိုက် မာရန်အမျိုးသမီးဂုဂတ်ပြဇာတ်ရုံမှာခေါင်းဆောင်မင်းသမီးလုပ်ကာ ပိုက်ဆံရှာချင်သူပါ ..တစ်နေ့မှာတော့ မာရန်အမျိုးသမီးဂုဂွန်းပြဇာတ်ရုံရဲ့ဒါရိုက်တာဂန်ဆိုဘို့ဦးစီးတဲ့ပြဇာတ်ဟာနိုင်ငံတွင်းလှည့်ဖျော်ဖြေမှုလုပ်ရင်း မာဖိုရောက်လာတဲ့အခါဂျောင်ညွန်းတစ်ယောက်ကြည့်ခွင့်ရပြီးအိပ်မက်ကနေ လက်တွေ့အကောင်အထည်ဖော်ဖို့စိတ်အားထက်သန်လာခဲ့ပါတယ် ..ထက်သန်တဲ့စိတ်နဲ့အတူ အရဲစွန့်ကာ ဂျောင်ညွန်းတစ်ယောကမာရန်ပြဇာတ်ကုမ္ပဏီတို့ ဆိုးလ်ကိုအပြန်ဂုဂွန်းပြဇာတ်အုပ်စုရဲ့ခရီးဆောင်အိတ်ထဲကို ခိုးဝင်ကာတိတ်တဆိတ်လိုက်လာခဲ့ပါတော့တယ် ..နောက်ပိုင်းမှာ ဂုဂွန်းပြဇာတ်ကုမ္ပဏီရဲ့သင်တန်းသူတစ်ယောက်ဖြစ်လာခဲ့ပြီးသူနဲ့အပြိုင် သီချင်းဆိုလည်းကောင်း အကလည်းတော်တဲ့ဟောယောင်းဆောဆိုတဲ့မိန်းကလေးနဲ့ အပြိုင်အဆိုင်အရည်အချင်းတွေ ထုတ်ပြရပါတော့တယ် ..မာဖိုသူလေးတစ်ယောက် အိပ်မက်ကိုရင်ခွင်ပိုက်ကာဆိုးလ်မြို့ပေါ်တက်ပြီး အခက်အခဲပေါင်းစုံကြားကဘယ်လိုမျိုး လက်တွေ့အကောင်အထည်ဖော်မလဲဆိုတာကို ကြည့်ရှုရမယ့်အပြင်နာမည်ကြီးမင်းသား မင်းသမီးတွေရဲ့ဟန်ပန်ပီပြင်မှုတွေကိုလည်း ခံစားတွေ့မြင်နိုင်မှာပါ ..ယွန်းဂျောင်ညွန်းအဖြစ် မင်းသမီး Kim Tae Riဟယ်ယောင်းဆောအဖြစ် မင်းသမီး Shin Ye Eun နဲ့မင်းသမီး Jung Eun Chae လည်း ပါဝင်ထားတာမို့မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရသခံစားနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ..