Tanaav  तनाव FHD

Tanaav तनाव

Crime Drama FHD 2022-11-10 1

Tanaav 2024 (တင်းမာခက်ထန်သော ဇာတ်လမ်းလေးတစ်ပုဒ်)ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ စီစင်၂ခုထွက်ရှိထားတဲ့မှုခင်းဒရာမာစီးရီးအကြမ်းစားလေးဖြစ်ပါတယ်။အရင်က အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ကဘီးရ်ဟအလုပ်ကနေအနားယူပြီးတော့ အေးဆေးစွာနဲ့ ယိုလုပ်ရောင်းရင်းမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နေသူတစ်ယောက်ပါ။ဒီလိုနဲ့ တစ်ရက်မှာ သူအရင်က နှိမ်နင်းခဲ့ပြီးလို့ သေသွားပြီလို့ထင်နေတဲ့အူမာရီယာဇ်ပန်သာဟာ မသေဘဲ ပြန်ပေါ်လာတဲ့အချိန်မှာသူဟာ ပြန်လည်ပြီးတော့ အထူးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ အူမာရီယာဇ်ကို နှိမ်နင်းနိုင်ဖို့အတွက်နဲ့ ကဘီးရ်တို့အဖွဲ့ မစ်ရှင်စတင်လုပ်ဆောင်ပါတော့တယ်။မစ်ရှင်စတင်လုပ်ဆောင်တဲ့အချိန်မှာ အူမာရဲ့ညီဖြစ်သူက စေ့စပ်ပွဲလုပ်ဖို့ ပြင်ဆင်နေတာကိုသိတဲ့အခါမှာညီကိုအရမ်းချစ်တဲ့ အူမာဟာ ဒီပွဲကိုလာမှာပဲဆိုပြီးတော့ စေ့စပ်ပွဲမှာ ထောင်ဖမ်းဖို့ လုပ်ပါတော့တယ်။ဒီလိုနဲ့ ကဘီးရ်တို့တပ်ဖွဲ့က အူမာကို ဖမ်းနိုင်သွားမှာလား …….ဆက်လက်ပြီးတော့ရော ဘယ်လိုအရှုပ်တော်ပုံတွေဖြစ်လာဦးမလဲဆိုတာကို ကြည့်ရှုရမယ့် စီးရီးကောင်းလေးတစ်ခုပါပဲ။