မိန်းမလှလေးတွေကို အထင်မြင်သေးတတ်တဲ့သူဌေးသားလေး “ဖင်း” ကကားပြပွဲတစ်ခုမှာ မိန်းမချောလေး “ဖပ်” နဲ့ ဆုံတွေ့ခဲ့ပါတယ်ဖပ်ကတော့ မောင်လေးကို ကျောင်းထားပေးနေတဲ့သူမို့ရရာ သမ္မာအာဇီဝအလုပ်ကို လုပ်နေရတဲ့သူပါကားပြပွဲမှာ ဖပ် က ကားရောင်းထွက်ဖို့ ကာစတန်မာကိုအလှနဲ့ဆွယ်ရတဲ့သူလေးလုပ်တာကြောင့် ဖင်း ရဲ့အထင်သေးစော်ကားတာခံခဲ့ရပါတယ်သူဌေးတွေ စပွန်ဆာပေးတာတောင် လက်မခံခဲ့တဲ့ ဖပ် အတွက်ကတော့ဒီစကားတွေက ဖင်းနဲ့ဆို ရန်သူလိုဖြစ်သွားပါတော့တယ်အလှကိုဗန်းပြပြီး ရှာစားတဲ့မိန်းမလှလေးတွေကြောင့် ထရော်မရနေတဲ့ ဖင်း တစ်ယောက်ဘယ်အချိန်မှာ ဖပ်ကို သဘောကျသွားမလဲဖပ်ကရော ဖင်းရဲ့အရိုးစွဲနေတဲ့စိတ်ကို ဘယ်လိုပြောင်းလဲအောင် လုပ်ခဲ့မလဲဆိုတာ“မြူဆန်ဆန်မီးတောက်” ဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ရအောင်ပါ