ဒီစီးရီးကတော့ ဆရာAkira Toriyamaမကွယ်လွန်ခင် နောက်ဆုံးကိုင်ပေးသွားခဲ့တဲ့ ပရောဂျက်မလို့မထွက်ခင်ကတည်းက မျှော်နေမိတယ်လို့ပြောရင်လည်းမမှားပါဘူး။နည်းနည်းသောက်ကြီးသောက်ကျယ်ပြောရရင်တော့ Dragon Ballရဲ့သမိုင်းကြောင်းက အတော်ကိုကြီးပါတယ်။Animeဆိုတာပေါ်တာကြာပြီဖြစ်ပေမဲ့ တကမ္ဘာလုံးမှာပါ animeတွေလူစသိခဲ့တာက Dragon Ballကြောင့်ပါ။ပြီးတော့ Dragon Ballဟာ တရုတ်ဂန္ဓဝင်ဝတ္ထု Journey to the west ကို အခြေခံထားတာဖြစ်တဲ့အပြင်အရမ်းကိုပေါက်သွားခဲ့တာမလို့ တရုတ်ပြည်မကရုပ်ရှင်အဖွဲ့တဖွဲ့ဟာငါတို့ဆီကနေဇာတ်လမ်းယူထားတဲ့ကာတွန်းတောင်ပေါက်နေတာဆိုတော့ ငါတို့လည်းဘာလို့မရိုက်နိုင်ရမှာလဲဆိုပြီးအာရှမှာအရမ်းပေါက်ခဲ့တဲ့Journey to the west ဂန္ဓဝင်စီးရီးပေါ်လာခဲ့တာပါ။ဒီစီးရီးရဲ့ဇာတ်လမ်းက အစပဲရှိသေးတော့ အကျဉ်းကိုတိုတိုပဲ ပြောပြပါတော့မယ်။မိစ္ဆာဘုရင်တပါးပေါ်လာပြီး Gokuတို့ဟာ အန္တရာယ်ပေးနိုင်တဲ့သူတွေအဖြစ်ကြောက်ရွံ့ပြီးDragon Ballတွေကိုစုစည်းကာ Gokuတို့ကို အသက်ငယ်သွားအောင်ဆုတောင်းခဲ့ရာကနေ ဒီဇာတ်လမ်းဖြစ်လာတာပါ။ကျန်တာတော့ တပတ်တခါအသစ်ထွက်မှမျှော်တော့နော်။