Fight Night: The Million Dollar Heist FHD

Fight Night: The Million Dollar Heist

Crime Drama FHD 2024-09-05 8.154

ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ Fight Night:The Million Dollar Heist စီးရီးကတော့ Crime ၊Dramaအမျိုးအစားဖြစ်ပြီး Kevin Hart ၊ Samuel L. Jackson နဲ့Terrence Howard တို့လိုအကျော်အမော်တွေပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ခရမ်းချဥ်သီးပုပ်မှာတော့ ၉၃ ရာခိုင်နှုန်းကreview ကောင်းတွေပေးထားပြီး rating ကတော့ 7.1/10 ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်************၁၉၇၀ ပြည့်နှစ်က မိုဟာမက်အလီနဲ့ဂျယ်ရီကွာရီရဲ့သမိုင်းဝင်လက်ဝှေ့ပွဲညမှာဖြစ်ခဲ့တဲ့ လက်နက်ကိုင်လုယက်မှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ အတ္တလန်တာမြို့မှာ ပိုက်ဆံရဖို့မကောင်းတဲ့လုပ်ငန်းအကုန်လုပ်တဲ့ချစ်ကန်းမန်းဟာ မိုဟာမက်အလီရဲ့လက်ဝှေ့ပွဲအတွက် ရောက်ရှိလာတဲ့ နာမည်ကြီးရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေအတွက် ပါတီကျင်းပပေးဖို့ကြိုးစားခဲ့ပါတယ်။ချစ်ကန်းမန်းရဲ့ရည်ရွယ်ချက်က လုပ်ကွက်နဲ့ငွေရဖို့ဖြစ်ပေမယ့်တကယ်တမ်းပါတီကျင်းပချိန်မှာတော့တစ်နေရာတည်းမှာစုပေးလိုက်သလိုဖြစ်သွားတဲ့ဂိုဏ်းခေါင်းဆောင်တွေကိုလုယက်ဖို့ကြံစည်ထားတဲ့အဖွဲ့တစ်ခုရှိနေတယ်ဆိုတာတော့ ချစ်ကန်းမန်းတစ်ယောက်မသိရှိခဲ့ဘဲ ထောင်ချောက်ထဲတိုးဝင်သွားခဲ့မိပါတော့တယ်။