Sandhya Ke Aangan Mein (2024) “အရုပ်စံအိမ်”အာမိုလာဆိုတဲ့ အမျိုးသမီးလေးက ညရှစ်နာရီခွဲတိုင်းရုပ်မြင်သံကြားချန်နယ်တစ်ခုကလွှင့်တဲ့ ဇာတ်လမ်းတွဲကသရုပ်ဆောင်မင်းသမီးတစ်ယောက်။လူတော်တော်များများ အဲဒီဇာတ်လမ်းတွဲကို စိတ်ဝင်တစားနဲ့စောင့်ကြည့်ရလောက်တဲ့ထိ ဇာတ်လမ်းတွဲကအောင်မြင်နေတာပေါ့။ဒါပေမဲ့ အာမိုလာကတော့ အိမ်မှာပဲ ပေါ့ပေါ့ပါးပါးနေရင်းအိမ်ထောင်ရှင်မကောင်းတစ်ယောက်၊ အမေတစ်ယောက်ဖြစ်ဖိုအားသန်နေသူလေး။သရုပ်ဆောင်လောကကနေ အပြီးထွက်ဖို့ ချန်နယ်နဲ့ ညှိနှိုင်းထားပြီးသား။ဇာတ်လမ်းတွဲထဲမှာ အာမိုလာ နောက်ဆုံးရိုက်ရမဲ့ရှုတင်က သေမဲ့အခန်း။သရုပ်ဆောင်လောကကနေ နားရတော့မှာဆိုပြီး ပျော်နေတဲ့ အာမိုလာတစ်ယောက်သရုပ်ဆောင်လောကက မနားရတဲ့အပြင်သူသရုပ်ဆောင်နေတဲ့ ဇာတ်လမ်းတွဲထဲကိုလက်တွေ့ဘ၀အဖြစ်နဲ့ ရောက်သွားချိန်မှာတော့…။