Tasogare Out Focus ဆိုတဲ့ BL Manga ကို ပြန်လည်ပုံဖော်ထားတဲ့ ၁၂ ပိုင်းပါ BL Anime လေး ဖြစ်ပါတယ်။ယောက်ျားလေး အထက်တန်းကျောင်းက ရုပ်ရှင်ကလပ်လေးတစ်ခုကို အခြေခံထားပြီး စုံတွဲ ၃ တွဲ ပုံစံမျိုး တင်ဆက်ထားတာပါ။ပထမအတွဲလေးကတော့ ဒုတိယနှစ်ကျောင်းသားလေး ၂ ယောက် အဆောင်တစ်ခန်းတည်း အတူတူကျတယ်ဂေးတစ်ယောက်ဖြစ်တဲ့ Ootomo ကို Mao က ဘာမှဝေဖန်ရတာမျိုး မရှိသလိုMao ကလည်း Ootomo ကို မချစ်မိအောင်နေရမယ်ဆိုပြီး ကတိလေးတွေထားပြီး နေထိုင်ခဲ့ရာကနေဘယ်လိုဆက်ဖြစ်ကြမလဲ…။ဒုတိယအတွဲလေးကတော့ စတွေ့ကတည်းက ဘုနဲ့ဘောက်ဆိုသလိုပဲအရည်အချင်းရှိပြီး ဘယ်သူနဲ့မှ မတည့်တဲ့ Ichikawa ဟာတတိယနှစ် ရုပ်ရှင်ကလပ်ဥက္ကဌနဲ့ ရန်ဖြစ်နေရာက အဆောင်တစ်ခန်းတည်း ယာယီကျပါတယ်။ပေမဲ့ အဲဒီမှာ လျှို့ဝှက်ထားတဲ့ အတိတ်လေးတစ်ခုကနေတဖြည်းဖြည်း ရင်းနှီးလာခဲ့ရာမှာတော့ ဘာတွေ ဆက်ဖြစ်ကြမလဲ…။တတိယအတွဲလေးကတော့ ဖြတ်ဖြတ်လူးပြီး ကောင်လေးလိုချင်နေတဲ့ Shion ဆိုတာဘဲလိုချင်လွန်းလို့ကို ယောက်ျားလေးကျောင်း ပြောင်းလာပြီး ကလပ်ပေါင်းစုံ ပတ်ဝင်ပေမဲ့အဆင်မပြေပဲ ရုပ်ရှင်ကလပ်ထဲ ရောက်ခဲ့ရာမှာတော့ အနေအထိုင်အေး ထူးထူးခြားခြားရှိတဲ့တတိယနှစ်အစ်ကိုကြီး Rei နဲ့ ဆုံတွေ့ခဲ့ရာကနေ ဘာတွေဆက်ဖြစ်မလဲ။စသဖြင့် အထက်တန်းကျောင်းသားတွေ ရုပ်ရှင်ကလပ်မှာဘယ်လိုတွေ ကြိုးစားကျော်ဖြတ်ကြသလဲဆိုတာကို ဗဟိုပြုပြီးBL အချစ်ဇာတ်လမ်းလေးတွေကို တင်ဆက်ပေးထားတဲ့ Anime ပဲ ဖြစ်ပါတယ်ခင်ဗျာ။