သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့နေ့လေးတစ်နေ့မှာ လူကုံထံမိသားစုတစ်စုရဲ့ သားငယ်လေးရဲ့ မွေးနေ့ပါတီပွဲလေး ကျင်းပနေကြတာပေါ့။တခြား လူကုံထံမိသားစုတွေကိုလည်း ဖိတ်ကြားထားပြီး ငွေအချီကြီး ရနိုင်မယ့် ပရောဂျက်အကြောင်းတွေလည်း ဆွေးနွေးလိုက်ကြ သောက်စားလိုက်ကြ။အမျိုးသမီးတွေဖြစ်သူတွေလည်း ထိုနည်းအတူပေါ့။ ကလေးတွေဆိုတာလည်း အရွယ်မတိမ်းမယိမ်းလေးတွေဆိုတော့ အတူတူပြေးလွှားဆော့ကစားနေကြ။ဒါပေမဲ့ ကံကြမ္မာဆိုတာက အခက်သားဗျ ကလေးလေးတွေတသိုက် လေထိုးအိမ်ပေါ် ခုန်ပေါက်ဆော့ကစားနေချိန် လေပြင်းမုန်တိုင်း တိုက်ခတ်လာပြီးဒီ လေထိုးအိမ်ကြီး လေထဲကို ကလေးတွေနဲ့အတူ ကောင်းကင်ပေါ်ထိ လွင့်မျောပါသွားခဲ့တယ်။ဘာတွေဖြစ်မလဲ စဉ်းစားသာကြည့် ၃ ယောက်သေတယ် တစ်ယောက်ပျောက်သွားတယ် ကျန်တဲ့လူ ဒဏ်ရာတွေရကြတယ်။ဇာတ်လမ်းက ဒီမှာစပါပြီ။ ဒီ သွေးပျက်ဖွယ်ရာ အဖြစ်အပျက်တွေပြီးတဲ့နောက် ဒီ မိသားစုတွေရဲ့ ဘဝတွေကို ပြောင်းလဲစေခဲ့တယ်။အပြစ်ဆိုတာတွေ နောင်တရမှုတွေ အကြမ်းဖက်မှုတွေ စွပ်စွဲမှုတွေ အာဃာတတွေ ဆင်းရဲချမ်းသာကွာခြားမှု ပြဿနာတွေ စသဖြင့်အစွန်းရောက်ခံစားချက်တွေနဲ့အတူ ဘာတွေဆက်လက်ပြီး ဖြစ်သွားမလဲဆိုတာကို