ဆူဆန်ဆိုတဲ့အမျိုးသမီးတစ်ယောက်က စာအုပ်အယ်ဒီတာဘ၀ကနေအနားယူပြီး နယ်မြို့လေးတစ်ခုမှာ ဟိုတယ်ဖွင့်ပြီးအေးဆေးအနားယူနေခဲ့ပါတော့တယ်။အနားယူတယ်လို့သာပြောတာ ဟိုတယ်မှာပြဿနာတွေတစ်ခုပြီးတစ်ခုတက်ပြီး ပြင်ဆင်စရာပိုက်ဆံကလည်းမရှိတော့တိုင်ပတ်နေခဲ့ပါတော့တယ်။အဲ့လိုအချိန်မှာသူ့ဆီကိုသူဌေးလင်မယား ၂ ယောက်ရောက်လာပြီး သူတည်းဖြတ်ခဲ့ဖူးတဲ့စာအုပ်တစ်အုပ်နဲ့ပတ်သတ်ပြီး သူ့ကိုလာပြောပါတော့တယ်။အဲ့ဒီစာအုပ်က သူတို့ဟိုတယ်မှာဖြစ်ခဲ့တဲ့လူသတ်မှုကိုအခြေခံထားတာဖြစ်ပြီး အဲ့ဒီစာအုပ်ကြောင့်ပဲ သူတို့သမီးပျောက်သွားရတဲ့အတွက်သူ့ကိုလာအကူအညီတောင်းတာဖြစ်ပါတယ်။ကူညီခအနေနဲ့ပိုက်ဆံပါပါမယ်ဆိုတော့ သူဖွင့်ထားတဲ့ဟိုတယ်ရှေ့ရေးအတွက်ကတစ်ကြောင်း သူနဲ့သက်ဆိုင်နေတဲ့စာအုပ်ဖြစ်နေတာကတစ်ကြောင်းကြောင့်ကူညီပေးဖို့လက်ခံခဲ့ပြီး စာအုပ်ထဲကလျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ အပြင်ဘ၀ကလူပျောက်ပြဿနာတွေကိုပါအဖြေရှာပုံကိုစိတ်ဝင်စားစရာကြည့်ရှုရမဲ့ ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။