Iron Family다리미 패밀리 FHD

Iron Family다리미 패밀리

Comedy Family FHD 2024-09-28 8.3

မျိုးဆက်သုံးဆက်တိုင်အောင် လည်ပတ်နေတဲ့ အီဒါရင်း(Keum Sae-rok)တို့ရဲ့ချောင်းယောင်းပင်မင်းဆိုင်မိသားစုလေးကတော့ဘဝကို အေးချမ်းသာယာစွာဖြတ်သန်းနေတဲ့ သာမန်မိသားစုလေးဖြစ်ပါတယ်။ဆောဂန်ဂျူ(Kim Jung-Hyun)ကတော့ချောင်းယောင်းရပ်ကွက်ရှိ အချမ်းသာဆုံးမိသားစုရဲ့သားဖြစ်ပြီးဂျီဆွန်းလုပ်ငန်းစုမှာ ဒါရိုက်တာအဖြစ်လုပ်ကိုင်နေသူပါ။သူတို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ၈ နှစ်က တက္ကသိုလ်အတူတူတက်ခဲ့ဖူးကြပြီးဆောဂန်ဂျူကတော့ စစ်မှုမထမ်းခင် အီဒါရင်းနဲ့အမှတ်တရတွေကိုအမြဲတသသလွမ်းဆွတ်နေခဲ့ရသူပေါ့။ဒါပေမဲ့ သူတို့နှစ်ယောက် ပြန်လည်ဆုံစည်းရတဲ့အချိန်မှာတော့ကံကြမ္မာရဲ့လှည့်စားမှုကြောင့် အီဒါရင်းဟာ အမြင်အာရုံတွေဆုံးရှုံးနေခဲ့ပြီးပါပြီ။ဆယ်ကျော်သက်အရွယ်ကတည်းက အမြင်အာရုံချို့ယွင်းလာခဲ့တဲ့ အီဒါရင်းလေးဟာအလွန်စျေးကြီးတဲ့ အာရုံကြောဆေးထိုးမှသာအမြင်အာရုံပြန်ရနိုင်မှာမို့လို့သူဌေးသားလေးဆောဂန်ဂျူက သူအမြဲလွမ်းဆွတ်နေခဲ့ရတဲ့ကောင်မလေးအတွက်ဘယ်လိုကူညီပေးသွားမလဲသူတို့နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုလိုက်ရအောင်နော်။