Disney+ Hotstarကနေ အပိုင်းရှစ်ပိုင်းနဲ့ထုတ်လွှင့်ခဲ့တဲ့မိသားစုဒရာမာစီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဘာရသီဆိုတာ သားတွေသမီးတွေနဲ့ ပျော်ရွှင်တဲ့မိသားစုကိုပိုင်ဆိုင်ထားတဲ့ ကျောင်းဆရာတစ်ယောက်။မိန်းမဖြစ်သူ ဆာရက်စ်ကိုယ်တိုင်က သူ့ခင်ပွန်း ဘာရသီကို သူကိုယ်တိုင် နောက်မိန်းမပေးစားတောင်ယူမှာမဟုတ်ဘူးလို့ တထစ်ချယုံကြည်ရတဲ့ထိ ဇနီးသည်အပေါ်မှာ ချစ်ပေးနိုင်သူကြီး။တစ်ရက်မှာတော့ သားဖြစ်သူဗာဆီအတွက် အိမ်ထောင်ဖက်တွေ့ဖို့အသွားမှာ ဘာရသီတစ်ယောက်ကျောင်းကိစ္စနဲ့မအားလို့ မလိုက်ဖြစ်ခဲ့ပါဘူး။ဇနီးသည်နဲ့ သားသမီးတွေပြန်လာချိန် တစ်ဖက်မိသားစုအကြောင်းပြောကြရာကအစသားဖြစ်သူရဲ့ သတို့သမီးလောင်းအမေနာမည်ကလည်း ဘာရသီပဲဖြစ်နေပြီး အတိတ်ကကိစ္စလေးတွေပေါ်လာချိန်မှာတော့…။