အိန္ဒိယလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာအကျော်ကြားဆုံးစာရေးဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့မလေယာလမ်စာရေးဆရာကြီး အမ်တီဗာဆူဒေဗမ်နိုင်ရာအသက် 20 ကတည်းက ကမ္ဘာ့ဇာတ်လမ်းတိုပြိုင်ပွဲမှာ ဆုယူထားနိုင်တဲ့အထိငယ်စဉ်ကတည်းက ကလောင်စွမ်းထက်လွန်းတဲ့ ကလောင်ရှင်တစ်ယောက် ဇာတ်ညွှန်းဆရာတစ်ယောက်ဖြစ်ပြီးသူအဓိက ကျွမ်းကျင်ဆုံးကတော့ လူ့သဘောလူ့သဘာဝကိုဖန်သားပြင်ထက်မှာလို့ သတိမရမိလောက်တဲ့အထိလက်တွေ့ကြုံနေရသလို့ ခံစားမိအောင် ကွင်းကွင်းကွက်ကွက် ရုပ်လုံးကြွအောင် ရေးသားပြနိုင်တာပါပဲ။ဒီဇာတ်လမ်းတွဲလေးထဲမှာတော့ မလေယာလမ်ကျေးလက်လူနေမှုဘဝအကြောင်းတစ်စေ့တစ်စောင်းရှုစားနိုင်မယ့် ရသစုံလင် ခံစားရစေမယ့် ဇာတ်လမ်းတို 9 ပုဒ်ကိုအတူရှုစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။