ဘဝကိုရေလိုက်ငါးလိုက်နေနေမိလား အကြောက်တရားနဲ့နေနေရတာလား အထီးကျန်စွာနေနေရလား အဲ့ဒါဆိုရင်တော့ ဒီစီးရီးက ဇာတ်ဆောင်မဲလ်နဲ့ကိုက်ညီသွားပါပြီ။မဲလ်ဟာလည်း လုပ်သမျှတလွဲတချော်ဖြစ်တတ်ပြီး အထီးကျန်တကိုယ်တည်းသမားပါ။ လေယာဉ်စီးရမှာကိုလည်း မတရားကြောက်သူပေါ့လေ။ တနေ့မှာ သေဘေးကနေ ကပ်သီးလေးလွတ်မြောက်လာခဲ့အခါမှာ ဘဝကိုရှင်သန်ပုံ ပြောင်းလဲဖိုဆုံးဖြတ်ခဲ့ပါတယ်။မဲလ်ရဲ့ဘဝ ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကို ဟာသလေးနှောပြီးတင်ဆက်ပေးထားတဲ့ကားလေးမို စိတ်လေးလေးလံလံမဟုတ်ပဲ ပေါ့ပေါ့ပါးပါးလေးနဲ့ကြည့်ရှုနိုင်ပါတယ်……