Power Book II: Ghost FHD

Power Book II: Ghost

Crime Drama FHD 2020-09-06 8.37

အရှေ့က Power ဇာတ်လမ်းတွဲမှာတော့ Ghost လို့ခေါ်တဲ့James St. Patrick ရဲ့ မြေအောက်လောကကနေတဖြည်းဖြည်းဆရာကျလာတဲ့အကြောင်းကိုတင်ဆက်ထားပြီး နောက်ဆုံးပိုင်းမှာ သူ့ရဲ့ သေဆုံးမှုကနေဒီ Power Book II က တိုက်ရိုက်ဆက်ထားတာပဲ ဖြစ်ပါတယ်။ဒါပေမဲ့ ဒီဇာတ်လမ်းတွဲမှာတော့ သူ့ရဲ့သားဖြစ်သူ Tariq St. Patrick အကြောင်းကိုဗဟိုပြုပြီး တင်ဆက်ထားတာပါ။ ဖခင်သေဆုံးမှုအတွက် အမေဖြစ်သူ ဖမ်းခံရပြီးတရားရင်ဆိုင်နေတဲ့အချိန် Tariq တစ်ယောက် ကောလိပ်တက်ရင်းနဲ့မိခင်ဖြစ်သူကို ကယ်ဆယ်နိုင်ဖို့ ဥပဒေဘောင်မဲ့ထဲကနေဘယ်လိုတွေ ကြိုးပမ်းမလဲ ကြည့်ရမှာ ဖြစ်ပါတယ်။တစ်ဖက်မှာလည်း အဆောင်ဖော်တစ်ယောက်ကြောင့် တခြား မူးယစ်ဆေးဂိုဏ်းတစ်ခုနဲ့ ခင်မင်သွားပြီးတွဲလုပ်ဖို့ ဖြစ်လာကာ ဘယ်လို အရှုပ်တွေကြားထဲ ရောက်သွားဦးမလဲ ဖအေ့ခြေရာကို နင်းမလားသူ့ထက်ကျော်မလားဆိုတာတော့ မြေအောက်လောကဂိုဏ်းတွေနဲ့ ကောလိပ်ကြားဗျာများရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့…. ရှုစားကြကုန်။