Shekhar Home FHD

Shekhar Home

Crime Drama FHD 2024-08-14 7.75

ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ BBC Studios Productionsကနေထုတ်လုပ်ထားပြီး အပိုင်း၆ပိုင်းပါဝင်တဲ့ ရှားလော့ခ်ဟုမ်းဇာတ်လမ်းကိုမှီငြမ်းထားတဲ့ မှုခင်းဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ဂျာယာဗာ့တ် စိုင်နီဆိုသူဟာ ဒီမန်ဂဲလ်အက်ရှ်ရမ်ကနေ လွန်ပူရ်ကို ပြောင်းရွှေ့လာခဲ့ပြီးတော့နေထိုင်ဖို့ အခန်းငှားရင်းနဲ့ မစ္စစ်အိတ်ချ်ခေါ် ဟင်နရီဆီကိုရောက်လာပါတော့တယ်။ငှားမယ့်အခန်းကတော့ တစ်ခန်းကို နှစ်ယောက်ခွဲနေရမှာဖြစ်ပြီး အခန်းကြည့်ဖို့ရောက်တဲ့အချိန်မှာပဲသူနဲ့အတူနေတဲ့ အခန်းဖော်က သူနေမယ့်အခန်းသော့ကို ယူသွားလို့ လွန်ပူရ်မြို့အနှံ့ပတ်ရှာရပါတော့တယ်။ဒီလိုနဲ့ သူ့ရဲ့အခန်းဖော်ဖြစ်သူ ရှေခါဟုမ်းနဲ့တွေ့တဲ့အခါမှာတော့ သူဟာ အရမ်းကို တော်တဲ့သူဖြစ်နေတာကိုမြင်တွေ့လိုက်ရပါတော့တယ်။ ရှေခါဟုမ်းဟာ ကလေးတွေကို စာသင်ပေးရုံတင်မဟုတ်ဘဲအမှုအခင်းတွေကို ကူညီဖြေရှင်းပေးသူလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ အရမ်းကိုအေးချမ်းတဲ့လွန်ပူရ်မြို့လေးမှာ လူသတ်မှုတစ်ခုဖြစ်ပွားတဲ့အတွက် အကုန်ပွက်လောတွေရိုက်ပြီးတော့ရဲအရာရှိဖြစ်သူ လာဟာက ရှေခါဟုမ်းကို ကူညီဖြေရှင်းပေးဖို့အတွက် အကူအညီတောင်းရာကနေစစ်ဆရာဝန်တစ်ယောက်ဖြစ်သူ ဂျာယာဗာ့တ် စိုင်နီဟာလည်း ကန့်လန့်ကန့်လန့်နဲ့ ပါလာရင်းရှေခါဟုမ်းရဲ့ လက်ထောက်လိုဖြစ်လာခဲ့ပြီးနောက်ပိုင်း သူတို့နှစ်ယောက်ပေါင်းပြီးတော့ အမှုတွေကို ဘယ်လိုဖော်ထုတ်သွားကြမလဲ ……..ဆိုတာကို ကြည့်ရှုရမယ့် မှုခင်းစုံထောက်စီးရီးလေးဖြစ်ပါတယ်။

အပိုင်းများ

Season - 1