ဒီတစ်ခါ ထွက်ရှိလာတဲ့ စီးရီးသစ်ကတော့ Sweet Home ထဲက Lee Jinwook နဲ့Welcome to Samdal-ri ထဲက Shin Hyesun တို့ နှစ်ယောက် ex-lovers တွေအဖြစ်ပါဝင်သရုပ်ဆောင်ထားကြတဲ့ “Dear Hyeri” လို့ အမည်ရတဲ့ စီးရီးပဲဖြစ်ပါတယ်။-ဇာတ်လမ်းအညွှန်း-ဂျူအွန်းဟို ( Shin Hyesun ) ဟာ လုပ်သက် ၁၄ နှစ်ရှိပြီဖြစ်ပေမဲ့ လူသိပ်မသိတဲ့သတင်းကြေညာသူတစ်ယောက် ဖြစ်ပါတယ်။သူ့ရည်းစားဟောင်းဖြစ်တဲ့ ဂျောင်ဟျွန်းအို ( Lee Jinwook ) ကတော့ အလုပ်ဝင်ဝင်ချင်းမှာတင်နာမည်ကြီးလာခဲ့တဲ့ နာမည်ကျော် သတင်းကြေညာသူတစ်ယောက်ပါ ။အချိန်အကြာကြီးတွဲခဲ့တဲ့ သူတို့နှစ်ယောက်ဟာ အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲလိုက်ပြီးတဲ့နောက်မှာတော့ ဂျူအွန်းဟိုဟာ နှလုံးသားထဲက စိတ်ဒဏ်ရာတစ်ခုကြောင့်ဂျူဟယ်ရီလို့ ခေါ်တဲ့ နောက်ထပ် personality တစ်ခု ပေါ်ထွက်လာပါတော့တယ် ။ဂျူဟယ်ရီကတော့ မူရင်း ဂျူအွန်းဟိုနဲ့ မတူဘဲ တက်ကြွကာ အကောင်းမြင်တတ်တဲ့စိတ်ထားကို ပိုင်ဆိုင်ထားပြီး ကားပါကင်ဝန်ထမ်းအဖြစ် အလုပ်လုပ်သူ ဖြစ်ပါတယ် ။ဒါ့အပြင် ဂျူအွန်းဟိုရဲ့ ရည်းစားဟောင်း ဂျောင်ဟျွန်းအိုမှာလည်း လူသိမခံတဲ့စိတ်ဒဏ်ရာတစ်ခုရှိနေတဲ့ အခါမှာတော့…ရည်းစားဟောင်းနှစ်ယောက် အချင်းချင်းရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုသပေးရင်းဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာကိုတော့ အတူတူ အပတ်စဉ်Monday-Tuesday တိုင်းမှာ ကြည့်ရှူခံစားလိုက်ရအောင်နော်။