ငယ်ငယ်တည်းကနေ တစ်ယောက်အနားတစ်ယောက်အတူရှိပေးအခက်အခဲတွေအတူတူဖြတ်ကျော်လာကြရင်း 10 နှစ်လောက်ခင်မင်လာကြတဲ့ပြောမနာဆိုမနာ BFF နှစ်ယောက် ဖြစ်ကြတဲ့ ကျန်းရှီယန်းနဲ့ထျန်းယန်သူတို့ ကျောင်းပြီးသွားတဲ့အခါ ထျန်းယန်က ဘဏ်ချေးငွေလုပ်ငန်းမှာ အလုပ်လုပ်ပြီးတော့ရှီယန်းကတော့ မီဒီယာလောကထဲဝင်ရောက်သွားခဲ့ပါတယ်။စစ်မှုထမ်းဟောင်းမိသားစုဖြစ်တဲ့ ထျန်းယန်က သူ့မိဘတွေကိုသူ့ရဲ့မဖြစ်စလောက်ချေးငွေလေးနဲ့အတူ စီးပွားရေးလုပ်ကိုင်စေခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူရဲ့ ကြိုးစားမှုကို အထင်ကြီးတဲ့ ရှီယန်းကထျန်းယန်တို့မိသားစုကို Documentary ရိုက်ကူးတင်ဆက်ရာကနေ နာမည်ကြီးသွားပြီးတစ်နိုင်ငံလုံးကစိတ်ဝင်စားခြင်းကိုခံရပါတာ့တယ်ငယ်စဉ် ဖြူစင်တဲ့အရွယ်ကနေ အရွယ်ရောက်လာတဲ့အမျှ စီးပွားရေး လူမှုရေး အကုန်ရောယှက်လာကြတဲ့အခါ528 အချစ်က 1500 အချစ်ကို ဘယ်လိုပုံစံတွေနဲ့ပြောင်းလဲသွားမလဲဆိုတာဒီဇာတ်ကားလေးမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်။