The First Shot 雪迷宫 Brightness In The Dark ထဲမှာ အတွဲညီခဲ့ကြတဲ့ မင်းသားချော ၂ယောက်ဖြစ်တဲ့ Huang Jingyu နဲ့ WangZiqi တို့teammate တွေအဖြစ် အတွဲညီညီ သရုပ်ဆောင်ထားတဲ့နောက်ထပ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်နော်ဇာတ်လမ်းအညွှန်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရိုမတည်ထောင်ခင် ၁၉၉၇ ခုနှစ်အချိန်တရုတ်နိုင်ငံအရှေ့မြောက်ဒေသမှာရှိတဲ့ ဟားလန်မြို့မှာ မူးယစ်ဆေးဝါးအများအပြား ပေါ်ထွက်လာတဲ့ အခြေအနေမျိုးနဲ့ရင်ဆိုင်လိုက်ရတာကြောင့် အသစ်ထွက်လာတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီးစုံစမ်းစစ်ဆေးဖို့အတွက် မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သစ်တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ဒါပေမဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ အဖွဲ့ခေါင်းဆောင် ကျန့်ပေ၊ ဓာတုဗေဒပညာရှင် ကုယိရန်၊အတိုက်အခိုက်တော်သူ ကျန်းရွှယ်ယောင်၊ မှုခင်းနည်းပညာရှင် တင်းကော်ကျူ့နဲ့ အဖွဲ့ဝင်ကျောက်ရှောင်ကွမ်းတို့ ပါဝင်တဲ့ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သစ်လေးဟာအသစ်ထွက်လာတဲ့ မူးယစ်ဆေးတွေအကြောင်း လုံးဝနားမလည်ခဲ့ပါဘူးယ်ရွယ်တဲ့လူငယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့မှုခင်းစုံစမ်းဆေးရေးအဖွဲ့လေးဟာရက်စက်ကြမ်းကြုတ်တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေနဲ့ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်မှုအမျိုးမျိုးကို ရင်ဆိုင်ရမှာဖြစ်တဲ့အပြင် တရားဥပဒေနဲ့ ခံစားချက်ကြား၊တရားမျှတမှုနဲ့ လူသားဆန်မှုကြားမှာ လွန်ဆွဲမှုတွေကိုပါ ရင်ဆိုင်ရင်းအတားအဆီးနဲ့စိန်ခေါ်မှုအားလုံးကို ကျော်လွှားပြီး မကောင်းမှုဒုစရိုက်တွေကို ဘယ်လိုတိုက်ဖျက်ကြမလဲဆိုတာ ဒီဇာတ်လမ်းတွဲမှာ အားပေးကြပါဦး