My Cherie Amour หนึ่งในร้อย FHD

My Cherie Amour หนึ่งในร้อย

Drama FHD 2024-09-19 8.3

2024ထွက် ဇာတ်လမ်းတွဲတွေထဲ ထိုင်းဒရာမာပရိသတ်တွေ အမျှော်ရဆုံးဇာတ်လမ်းတွဲထဲကတစ်ခုဖြစ်တဲ့ P’Torနဲ့P’Yaတို့ရဲ့ အချစ်ရဆုံးချစ်သူရှေးမကျခေတ်မကျ အပြင်အဆင်ဒီဇိုင်းကာလာအနေအထားလေးနဲ့ ထက်မြက်တဲ့မိန်းမတစ်ယောက်နဲ့ရိုးဂုဏ်ကိုတန်ဖိုးထားတဲ့ တရားသူကြီးမင်းလေးကြားက ချစ်ဇာတ်လမ်းတစ်ပုဒ်ကိုtop cast တွေရဲ့ အကောင်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ပေါင်းစပ်လို့ ရှုစားလိုက်ရအောင်ပါ။ကျိကျိတက်ချမ်းသာတဲ့ ဆွန်တရာပွန်မိသားစုရဲ့ သမီးထွေးလေးဖြစ်တဲ့ အနွန်၊အစ်ကိုတွေကြားမှာ မလွတ်မလပ် ကြီးပြင်းလာရတဲ့ညီမအငယ်ဆုံးကလည်းဖြစ်၊ကိုယ်တိုင်ကလည်း ထက်မြက်တဲ့သူတစ်ယောက်ပီပီ အစ်ကိုတွေရဲ့ချုပ်ချယ်မှုကို မလိုလားသူတစ်ယောက်ပေါ့။တစ်ဖက်ကလည်း ရွှေဘုံစံမင်းသမီးဖြစ်တဲ့ညီမလေးကို ပစ်မှတ်ထားနေတဲ့ပုရိသတွေလည်းအများသားမလို့အစ်ကိုတွေကလည်း စိတ်မချတာဖြစ်လို့ တည်ငြိမ်အေးဆေးတဲ့ တရားသူကြီးလေး ဝီချိုင်ကိုညီမဖြစ်သူအတွက် လက်တွဲဖော်ကို ကူရှာပေးဖို့ အကူအညီတောင်းတဲ့အခါ…ပျော်ပျော်နေတတ်ပြီး လွတ်လပ်မှုကိုလိုလားတဲ့ အနွန်နဲ့ ဣန္ဒြေတစ်ခွဲသား ကိုရေခဲတုံးဝီချိုင်တို့ကြားမှာအချစ်တွေဘယ်လိုပေါက်ဖွားလာမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။