Dark Night and Dawn暗夜与黎明 FHD

Dark Night and Dawn暗夜与黎明

Drama Mystery FHD 2024-09-18 8.3

Hidden Love ထဲက ကိုကိုသွမ့်ကျားရွှီ ( Chen Zhe Yuan)၊Story of Yanxi Palace မှာ ချင်လုံဧကရာဇ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသားကြီး Nie Yuan၊ Burning Flames ထဲမှာ ပိုင်ချိုက်အဖြစ်ပါဝင်ခဲ့တဲ့အားလုံးရဲ့အချစ်တော်မင်းသမီးလေး Xing Fei တို့က main role တွေအဖြစ်ပါဝင်ထားကြတဲ့တော်လှန်ရေးခေတ်နောက်ခံဇာတ်လမ်းတွဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်း ၁၉၄၃ ခုနှစ် ရှန်ဟိုင်းမှာပေါက်ကွဲမှုကြီးဖြစ်ပွားပြီးတဲ့နောက်မှာကွန်မြူနစ်ပါတီဝင် လုကျန်းယန်နဲ့ ရဲအရာရှိဟောင်း လင်ရှောက်ပိုင်တို့နှစ်ဦးကြားထိပ်တိုက်တွေ့ပြီး တင်းမာမှုတွေဖြစ်ခဲဲ့ကြပါတယ်။၆နှစ်ကြာတဲ့အခါ ရှန်ဟိုင်းလွတ်မြောက်သွားပြီး လုကျန်းယန်ဟာလည်းရှန်ဟိုင်းပြည်သူ့ရဲဌာနရဲ့ သူလျှိုဆန့်ကျင်ရေး အဓိကအဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ကံဆုံချင်တော့ သူတို့အဖွဲ့ထဲမှာ လင်ရှောက်ပိုင်ကိုခန့်ဖို့ဖြစ်လာပါလေရော။မတည့်ကြတဲ့သူတို့နှစ်ယောက် အတူတူပူးပေါင်းရင်းအမှုတွေကိုဖော်ထုတ်ရန်သူတွေကိုတိုက်ခိုက်ရင်းနဲ့သေအတူရှင်မကွာရဲဘော်ရဲဘက်တွေဖြစ်သွားကြပါတော့တယ်။တော်လှန်ရေးခေတ်ကားတွေရဲ့ထုံးစံအတိုင်း အသည်းတယားယာယကြည့်ရှုရမယ့် အက်ရှင်ခန်းတွေနဲ့အတူ၊တရုတ်ပြည်ရဲ့တော်လှန်ရေးသမိုင်းကြောင်းကိုလေ့လာခွင့်ရမယ့်အပြင်၊ကိုကိုသွမ့်ကျားရွှီကိုပါငမ်းခွင့်ရမှာမို့ အတူတူစောင့်ကြည့်လိုက်ကြရအောင်နော်။