Tell Me Lies FHD

Tell Me Lies

Drama FHD 2022-09-07 7.176

Tell Me Lies ဟာ ပထမစီစန်တစ်ခုလုံး တက္ကသိုလ်မှာ ဇာတ်အိမ်တည်ပြီး လူစီနဲ့စတီဖင်ကြားက ဆက်ဆံရေးပြဿနာတွေ။ သူတို့ပတ်အိပ်ကြတာတွေ။ စတီဖင်ရဲ့ရွှေ့ကွက်တွေနဲ့ ပြဿနာတွေ သောင်မတင်ရေမကျနဲ့ အဆုံးသတ်သွားခဲ့ပေမဲ့ မင်းသမီးချောချောလေးတွေရဲ့ ၁၈+ ဇာတ်ဝင်ခန်းတွေ တော်တော်များတာကြောင့် ကြည့်ရတာတော့ မျက်စိပဒေသာဖြစ်ခဲ့ပါတယ်။ ဆရာကြီးစတီဖင်ဆီက စော်ပတ်စားကွက်တွေကိုလည်း ပညာယူချင်စရာတော်တော်ကောင်းခဲ့တယ်။ ပထမစီဆန်အဆုံးမှာ ကျောင်းပြီးပြီး နှစ်အတော်ကြာမှ ဇာတ်အိမ်ဆက်တည်မလို ပြသွားခဲ့ပေမဲ့ တကယ်တမ်း အခုစီဆန်ထွက်လာတဲ့အခါတော့ အချိန်ကာလနှစ်ခုကို တစ်လှည့်စီသုံးပြီး အဓိကအားဖြင့်တော့ မူလဇာတ်ရဲ့ နွေကျောင်းပိတ်ပြီး ကာလမှာပဲ ဇာတ်အိမ်ဆက်တည်သွားခဲ့တယ်။ ဒီစီဆန်ရဲ့ တင်ဆက်ပုံဟာ သူတို့ရဲ့ အနာဂတ်က အခန်းတွေကိုလည်း ကြိုပြထားတာမို့ ဘယ်ကနေဘယ်လို ဒီအနာဂတ်က အရာတွေဖြစ်လာမလဲကတော့ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ နောက် အရင်စီဆန်က မကောင်းတဲ့သူတွေလည်း ဒီစီဆန်မှာ‌ လူကောင်းလိုဖြစ်နေတာတွေလည်း မြင်ရမှာပါ။ ဒါတော့ နည်းနည်းလက်တွေ့ကျတယ်ပြောရမယ်။ ကျန်တဲ့ မထင်မှတ်ထားတဲ့ Twist တွေလည်း ထည့်ထားတယ်။ဒီစီဆန်မှာတော့ မူလဇာတ်ကောင်တွေအကုန်ပြန်ပါသလို လူစီဖာမင်းသား Tom Ellis ကလည်း ကျောင်းသူလေးနဲ့ရှုပ်မယ့် တက္ကသိုလ်ဆရာခန့်ခန့်ကြီးနေရာက ပါထားပါသေးတယ်။ လိမ်စမ်းညာစမ်း ဆိုတဲ့ သူ့နာမည်အတိုင်း ဘယ်လို အလိမ်တွေအညာတွေနဲ့ ဒီတက္ကသိုလ်ဝန်းကြီးထဲ ဘယ်သူတွေ ဘယ်သူနဲ့ ဇာတ်လမ်းဖြစ်ပြီး ဘယ်သူတွေ ဘယ်လိုအသည်းကွဲကြဦးမလဲ ဆက်ကြည့်ကြရပါလိမ့်မယ်။ လိင်မှုခန်းတွေကတော့ ပထမစီဆန်အတိုင်း တစ်ရွေးသားမှ မလျှော့ဘဲ တစ်ပိုင်း၃ခန်းနီးနီး အပိုင်းတိုင်းပါနေပြန်လို့ ပထမစီဆန်အတိုင်း ကြည့်ရတန်နေတုန်းပါပဲ။