အရှက်ကွဲစရာတွေကိုတောင့်ခံပြီး ဝေ့ကျောက်လို့ အမည်ပြောင်းကာဖော်လံဖားတစ်ယောက်အဖြစ်နဲ့ လျန်တိုင်းပြည်မှာ နှစ်ပေါင်းများစွာပုန်းအောင်ရှင်သန်နေထိုင်ခဲ့တဲ့ ယွဲ့လော့မြို့ရဲ့သခင်ငယ်လေး ရှောင်ဝူရှာတစ်ချိန်က သူ့မိသားစုနဲ့ ပတ်သက်တဲ့အမှန်တရားကိုရှာဖို့အတွက်အဆိုပါအမှုမှာ တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်ခဲ့တဲ့သူကိုပြန်ပေးဆွဲဖို့စီစဉ်ခဲ့ပေမဲ့ သူသေချာစီစဉ်ထားတဲ့အရာတွေက ကျန်းချီလို့ခေါ်တဲ့ရုတ်တရက်ပေါ်လာ မိန်းကလေးတစ်ယောက်ကြောင့် ပျက်စီးသွားခဲ့ရတယ်အမှုနောက်ကွယ်က အဖျက်သမားကို ရှာဖို့အတွက် ဒဏ်ရာပြင်းပြင်းထန်ထန်ရနေတဲ့ကျန်းချီကို အိမ်တော်ထဲကို ခေါ်ဖို့အခွင့်အရေးကိုယူခဲ့တဲ့ ဖေယန်ရိုးသားတဲ့ကျန်းချီလေးကတော့ရဲ့ဝေ့ကျောက်ရဲ့ကြေကွဲဖွယ်ဘဝအတွေ့အကြုံနဲ့သူရဲ့ဖြောင့်မတ်မှုကြောင့် ရင်ထဲထိသွားကာ အချင်းချင်းရဲ့တောက်ပတဲ့အချက်တွေကိုလည်း မြင်ပြီးအချင်းချင်းခံစားချက်တွေလည်းတိုးလာခဲ့ကြတယ်အဆုံးမှာတော့ ဝေ့ကျောက်ရဲ့ ကျန်းချီရယ် ဖေယန်ရယ်ဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာအာဃာတတွေကိုဖယ်ထားပြီး လျန်ဧကရာဇ်ကိုအတူတူပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတယ်။ယွဲ့လော့ကို ကာကွယ်လိုပြီး ပိုမိုကောင်းမွန်တဲ့မင်းဆက်တစ်ခုကိုတည်ထာင်လိုတဲ့သူတို့ရဲ့ဆန္ဒကို အကောင်အထည်ဖော်ကြရင်း နန်းတွင်းအရှုပ်တော်ပုံတွေကြားကနေအချင်းချင်းရဲ့ခံစားချက်တွေ၊ ကိုယ်ပိုင်ရည်ရွယ်ချက်ခံစားချက်တွေကိုဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို အတူတူဆက်လက်ကြည့်ရှုလိုက်ရအောင်ရှင့်