ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးကို High Kick, Potato Star စတဲ့sit-com တွေရဲ့ ပဲ့ကိုင်ရှင်စာရေးဆရာတို့ရဲ့ လက်ရာအသစ် မှုခင်းဟာသကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ။ဒီကားလေးမှာတော့ The Guest , The King of Pigs စတဲ့ဇာတ်လမ်းတွဲများထဲမှ Daesang ဆုရှင်မင်းသား Kim Dong -Wook၊Our Blues, The Roundup ထဲမှ မင်းသားကြီး Park Ji Hwan၊A Shop For Killler ထဲမှ မင်းသား Seo Hyun-Woo ၊Alice The Final Weapon ထဲမှ ချစ်စရာကောင်းတဲ့ မင်းသမီးလေးPark Se -Wan အပြင် Our Beloved Summer ထဲမှ Lee Seung- Woo တို့ကအဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း …..Dongbang Yoo-Bin (Kim Dong-Wook) ဆိုသူဟာ ရုပ်ချောပြီးဥာဏ်ကောင်းတဲ့အပြင် အားကစားဘက်မှာလည်း ထူးချွန်ပြီးချို့ယွင်းချက်ရယ်လို့မရှိတဲ့ လူတစ်ယောက်ဖြစ်တဲ့အပြင်နိုင်ငံရပ်ခြားက နာမည်ကြီးတက္ကသိုလ်တစ်ခုမှာ စာသင်ကြားပေးတဲ့ပါမောက္ခ တစ်ယောက်လည်း ဖြစ်ပါတယ်။လူတော်တစ်ယောက်ဖြစ်တာကြောင့် သူ့ကို တက္ကသိုလ်ရဲ့ဌာနအကြီးအကဲတစ်နေရာမှာ အလုပ်လုပ်ပေးဖို့အတွက် ကမ်းလှမ်းလာခဲ့ပေမဲ့အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး မွေးရပ်မြေကိုရီးယားကိုပြန်လာကာဆုန်းဝန်းရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့ခေါင်းဆောင်အဖြစ်နဲ့ စေတနာ့ဝန်ထမ်းဝင်လုပ်ပါတော့တယ်။ဂျူဒိုကစားသမားဟောင်းဖြစ်ပြီး ဘူဒိုဇာဆိုတဲ့ နာမည်ပြောင်ရှိတဲ့Mu Joong-Ryeok (Park Ji-Hwan)၊ နိုင်ငံ့ကိုယ်စားပြုသေနတ်ပစ်သမားဟောင်းဖြစ်တဲ့ Jung Jung-Hwan (Seo Hyun-Woo)၊အဖွဲ့ရဲ့ တစ်ဦးတည်းသော မိန်းကလေးစုံထောက်ဖြစ်ပေမဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ မလိုက်ဖက်လောက်အောင် ကြမ်းတမ်းပြီး ခေါင်းမာတာကြောင့်ဒေါသအိုးလို့အခေါ်ခံရတဲ့ Seo Min-Seo (Park Se-Wan) နဲ့အဖွဲ့ရဲ့ အငယ်ဆုံးစုံထောက်တစ်ဖြစ်လဲ အမှားအများဆုံးလုပ်တတ်တဲ့ လူသစ်လေးJang Tan-Sik (Lee Seung-Woo) တို့က အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့အဖွဲ့ဝင်တွေဖြစ်လာပါတော့တယ်။ဒီလိုနဲ့ပဲ တော်တတ်လွန်းတဲ့ အဖွဲ့ခေါင်းဆောင် Dongbang Yoo-Bin ဟာအကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့ ပင်ကိုစရိုက်တွေမတူကြတဲ့အဖွဲ့သားတွေနဲ့ တွေ့ဆုံဖို့ဖြစ်လာပြီး စိတ်ဝင်စားစရာကောင်းတဲ့အမှုတွေကိုအလွဲတွေနဲ့ ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းကနေ တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ရှုစားပေးပါဦးနော်။