Disney+ Hotstar က အသစ်ထွက်ရှိလာတဲ့ဟင်ဒီ Spy Thriller ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်ထုံးစံအတိုင်း အိန္ဒိယ-ပါကစ္စတန်ဇာတ်လမ်းမျိုးဖြစ်ပြီးခပ်ကြမ်းကြမ်း အက်ရှင်ခန်းတွေကြောင့် ပရိသတ်အကြိုက်တွေ့မှာပါဇာတ်လမ်းအစမှာတော့ RAW အေးဂျင့် ကာရန်ဆက်စီနာတို့အဖွဲ့မှာအဓိကကျတဲ့ အတော်ဆုံးအေးဂျင့်တစ်ယောက် လုပ်ကြံခံလိုက်ရပါတယ်အတော်ဆုံးလူကိုမှ ပိပိရိရိလုပ်ကြံသွားတဲ့ ဒီအမှုကို သူတို့တတွေစုံစမ်းကြရင်းပါကစ္စတန်ထောက်လှမ်းရေး ISI အကူအညီနဲ့အတူ လှုပ်ရှားနေတဲ့လျှို့ဝှက်အကြမ်းဖက်အဖွဲ့တွေ ရှိကြောင်း သိလာပါတယ်ကွန်မန်ဒါကာရန်တို့ဟာ ဒီတိုက်ခိုက်မှုတွေကို တားဆီးဖို့ စက္ကန့်နဲ့အမျှကြိုးပမ်းရင်း ကိုယ့်လူသူ့ဘက်သားတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါမှာဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ပရိသတ်ကြီးရှုစားအားပေးကြပါဦး