ဖာစိုင်လို့ခေါ်တဲ့ သူဌေးသမီးလေးက လူမှုကွန်ရက် တစ်ခွင်မှာ“လျှာထိပ်နတ်သမီး” လို့ အမည်တွင်နေအောင်ကို ဟင်းလျာ အရသာခံကောင်းသူလေးပါသူမဟာ ရေ့လွတ်ကုမ္ပဏီရဲ့ပွဲမှာ ပဟေဠိဟင်းလျာကို အဖြေရှာပေးတဲ့သူအဖြစ် တက်ရောက်ရင်း ရေ့လွတ်ပိုင်ရှင် တမ့်နဲ့ဆုံခဲ့ပါတယ်တမ့်က အဖေ့စီးပွါးရေးကို လက်လွှဲယူခဲ့ရသလို မိထွေးရဲ့ထောင်ချောက်တွေကိုလည်း မမိအောင် ကျော်လွှားဖို့ အဖြေရှာနေရသူပါတစ်ဖက်မှာ ဖာစိုင်က အဖေရဲ့သူငယ်ချင်းမကောင်းကြံမှုကြောင့် စက်ရုံ အိမ်နဲ့ အဖေ့ပါဆုံးရှုံးခဲ့ရပြီးနောက်မှာတော့သူတို့မျိုးရိုးပိုင် လမ်ကျုမ်ချက်နည်းကျမ်းကို လုယူဖို့ကြံနေသူများကြားထဲမှာ ဖာစိုင်တစ်ယောက် ဘယ်လိုထိန်းသိမ်းကာကွယ်သွားမလဲတမ့်ကရော မိထွေးရဲ့ကုမ္ပဏီတွင်း အပုတ်တွေကို ဘယ်လိုဖြေရှင်းသွားရမလဲဖာစိုင်နဲ့တမ့်တို့ ဆုံဆည်းမှုက ဘယ်လိုတွေဖြစ်လာမလဲဆိုတာအချစ်ဝှက်ဟင်းလျာ”ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ