ဒီတစ်ခေါက်ကားလေးကတော့ Blank ထဲက ဆရာဝန်မလေး ပါဝင်တဲ့ ထိုင်း GL ကားလေးပဲ ဖြစ်ပါတယ်ပလန်နဲ့ ဝမ်တို့က ငယ်စဉ်ကတည်းက တစ်အိမ်တည်းမှာ အတူတူကြီးပြင်းလာကြပေမယ့်ပလန်က သူဌေးသမီး၊ ဝမ်က အိမ်အကူရဲ့သမီးဆိုတဲ့ အဆင့်အတန်းကွာခြားချက်ကြီး ရှိလို့နေပါတယ်အဆင့်အတန်း ကွာခြားချက်တွေ ဘယ်လိုရှိရှိ သံယောဇဉ်ကြီးကြတဲ့ သူတို့နှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက် မခွဲချင်လောက်အောင်ကို ချစ်ကြပေမယ့်တစ်နေ့ကျ ပလန် အိမ်ထောင်ပြုသွားတဲ့အခါ ဝမ် တစ်ယောက်တည်း အထီးကျန်ပြီး ကျန်မနေခဲ့ဖို့ချစ်သူကောင်လေး ရှာပေးဖို့အတွက် ဝမ်ရဲ့ တောင်းဆိုချက်ကြောင့် ဝမ့်အတွက် ချစ်သူကောင်လေး ရှာပေးရင်းနဲ့မှပလန်တစ်ယောက် ဝမ့်အပေါ် သူ့ရဲ့ခံစားချက် အစစ်အမှန်တွေကို သဘောပေါက်လာပါတော့တယ်တစ်ယောက်ပေါ်တစ်ယောက် အချစ်တွေ ပိုမိုခိုင်မြဲလာရင်းလောကဓံရဲ့ လှည့်ကွက်တွေကြောင့် နှစ်ယောက်သား ဝေးကွာသွားခဲ့ပြီးရာမှ ပြန်လည်တွေ့ဆုံကြတဲ့အခါဘာတွေပြောင်းလဲသွားပြီး ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုလိုက်ပါဦးနော်