FHD
The Strongest Magician in the Demon Lord魔王軍最強の魔術師は人間だった
ဒီ Anime လေးကတော့ ဇာတ်ကားနာမည်အတိုင်းပဲ ကနတ်ဆိုးသခင် စစ်တပ်ထဲက လူသားမှော်ဆရာတစ်ယောက် ဖြစ်ပါတယ်။ဆိုတော့ ထူးထူးခြားခြား MC ကို Demon တွေဖက်ကနေ အမြင်လေးနဲ့ ကြည့်ရတာပေါ့။ဒါပေမဲ့ သူ့ကို လူသားဆိုတာ သိတာကတော့ သူ့ကို နည်းလမ်းပေါင်းစုံနဲ့ မြူစွယ်နေကြဆက်ဆီကျကျ အထက်အရာရှိ မှော်ဆရာမတစ်ယောက်တည်း ရှိတာပါ။ကျန်တဲ့လူတွေ မသိအောင်လို့လည်း အမြဲတမ်းတ်ရုံတကားကားရယ် မျက်နှာဖုံးရယ် တပ်ထားရသူပါ။ဒီ အမှတ် ၇ တပ်ထဲမှာ သူတာဝန်ယူထားရတာကမသေမျိုးတပ်ဖွဲ့မှူးတစ်ယောက်အနေနဲ့ပေါ့။ဒါပေမဲ့ နတ်ဆိုးတွေဖက်ကမို့ အရမ်းယုတ်မာရိုင်းစိုင်း ကြမ်းတမ်းနေတာမျိုးလည်း မဟုတ်ဘူး၊ လူတစ်ယောက်ဖြစ်တဲ့အတွက်စစ်ဆိုတာကို မနှစ်သက်တာတွေ၊ မလိုရင် လူမသတ်တာတွေ၊ ပရိယာယ်ကြွယ်ဝတာတွေ၊ နတ်ဆိုး-လူသားယှဉ်တွဲနေထိုင်ဖို့ အမြဲတမ်း တွေးတောပြီး ဖြစ်မြောက်အောင် လုပ်ချင်နေတဲ့လူတစ်ယောက်။တစ်ရက်တော့ လူသားမြို့တစ်မြို့ ဝင်သိမ်းပိုက်တုန်း သူက လူသားဆိုတာကိုလူသားအိမ်ဖော်မလေးက တွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြဦးမလဲ၊ နတ်ဆိုးသခင်နဲ့င်းသား ဘယ်လိုတွေ ကြုံတွေ့ရမလဲ၊ နတ်ဆိုးသခင်စစ်တပ်ကလူသားတစ်ယောက်အနေနဲ့ တခြားလူတွေမသိအောင်လည်းနေရင်းကြုံတွေ့ရမယ့်အခက်အခဲတွေကို တစ်ပိုင်းပြီးတစ်ပိုင်းဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ရိုက်ပြထားတဲ့ Fantasy ဆန်ဆနမှော်ပညာတွေနဲ့ တိုက်ခိုက်ပြမယ့် Anime ကောင်းလေးဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။