ဆွန်းဟယ်ယောင်း (Shin Min-A) ဟာဆိုရင် ဘယ်လိုအခြေအနေမျိုးမှာမှ နစ်နာဆုံးရှုံးမှု မဖြစ်ချင်တဲ့သူမျိုးပါငယ်စဉ်တုန်းက မိဘမဲ့ကလေးတွေကို အိမ်မှာခေါ်ပြီး စောင့်ရှောက်ပေးတတ်တဲ့ အမေဖြစ်သူကြောင့်အမေ့မေတ္တာကို တခြားကလေးတွေနဲ့ မျှဝေခံစားခဲ့ရတဲ့ ဟယ်ယောင်းလေး ..အလုပ်ဝင်ပြန်တော့လည်း ဟယ်ယောင်းတို့ကုမ္ပဏီက လူမှုဖူလုံရေး အကျိုးခံစားခွင့် ၉၀% ကို အိမ်ထောင်သည်များကိုသာ ပုံပေးထားပါတယ် ..ခုလည်း အမြန်ဆုံး ရာထူးတိုးနိုင်မဲ့ အခွင့်အရေးဖြစ်တဲ့ ကုမ္ပဏီတွင်းပြိုင်ပွဲမှာ လူလွတ်တွေကို မရွေးချယ်ပါဘူးတဲ့ ..ဘာတစ်ခုမှ အဆုံးရှုံးမခံချင်တဲ့ ဟယ်ယောင်းလည်း နည်းလမ်းရှာဖွေရင်း သူ စဉ်းစားလိုက်မိတာက ယောက်ျားယူဖို့…သူယူလို့ အဆင်ပြေမဲ့ယောက်ျားကို လိုက်ရှာရင်း ဟယ်ယောင်းမျက်စိကျမိသွားတာကတော့ကုန်စုံဆိုင်က အချိန်ပိုင်းအလုပ်သမားလေး ဂင်ဂျီအု (Kim Young-Dae) ပဲဖြစ်ပါတယ်ဂျီအုကတော့ အကူအညီလိုအပ်နေတဲ့သူတွေကို မျက်ကွယ်ပြုမထားနိုင်ဘဲ မှန်ကန်တဲ့အလုပ်ကိုပဲ လုပ်ဖို့ ကြိုးစားလေ့ရှိသူလေးပါသူက ကုန်စုံဆိုင်ကို လာဝယ်တဲ့ ဝယ်ယူသူတိုင်းအပေါ် ဖော်ရွေပေမဲ့ ဆွန်းဟယ်ယောင်းကတော့ ခြွင်းချက်ဖြစ်နေပါတယဒီလိုနဲ့ ဟယ်ယောင်းက ဂျီအုကို ဟန်ဆောင်လက်ထပ်ရမဲ့ အချိန်ပိုင်းအလုပ်ကိုလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့…နစ်နာဆုံးရှုံးမှု မဖြစ်ချင်လို့ လက်ထပ်ပွဲကျင်းပဖို့ ဆုံးဖြတ်လိုက်တဲ့ ဆွန်းဟယ်ယောင်းနဲ့သူများကို နစ်နာဆုံးရှုံးမှု မဖြစ်စေချင်လို့ ဟန်ဆောင်သတို့သားလုပ်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့ ဂင်ဂျီအု…သူတို့နှစ်ယောက်ကြားက Rom Com အချစ်ဇာတ်လမ်းလေးကိုတော့ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်း စောင့်ကြည့်လို့ရမှာပဲဖြစ်ပါတယ်