GG Precinct正港分局 FHD

GG Precinct正港分局

Comedy Crime Mystery FHD 2024-08-22 8.5

Marry My Dead Body မှာ မောင်မောင်ဆိုတဲ့ ဝိညာဉ်လေးနဲ့ဖူးစာဆုံခဲ့တဲ့ ဝူမင်ဟန့် တစ်ယောက် ICU ကို ဝင်ပြီးနောက်စခန်းပြန်ရောက်လာချိန်မှာတော့ “GG Precinct” ဆိုတဲ့ထိုင်ဝမ် မီနီဒရာမာလေး ပေါ်ထွက်လာပါတော့တယ်…ဒီကားလေးကို အကျဉ်းပြောရရင် ဝူမင်ဟန့် တစ်ယောက် စခန်းမှာပြန်ပြီး တာဝန်စထမ်းဆောင်တာနဲ့ ပထမဆုံးအမှုကတော့လျှို့ဝှက်ဆန်းကြယ်မှုအပြည့်နဲ့ အသတ်ခံထားရတဲ့ အလောင်းကိုအစပြုတဲ့ ကွင်းဆက် လူသတ်မှုပါပဲ… တိုက်တိုက်ဆိုင်ဆိုင်ပဲဒီအမှုဟာလွန်ခဲ့တဲ့ အနှစ် ၂၀ က ဥပစာစကားလူသတ်သမားမိစ္ဆာရဲ့ အမှုနဲ့ပတ်သက်မှုရှိနေတာကို တွေ့ခဲ့ရတယ်… ဒီဥပစာစကား လူသတ်သမားဟာဆိုရင်တရုတ်ဘာသာစကားသင်တဲ့ နည်းပြဆရာဖြစ်ပြီး… သူ့ကျောင်းသားတွေကိုအမှားမဖြစ်စေ အမှားမခံနိုင်တဲ့ အတော်ကို တင်းကြပ်တဲ့ဆရာကြီးပေါ့…ဒါကြောင့်လည်း သူက စာလုံးမှားရေးရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေကြဆရာကြမ်းကြီးကနေ နောက်ဆုံးမှာ အားလုံးကြောက်ရတဲ့ စိတ်ဖောက်ပြန်သူကွင်းဆက်လူသတ်သမားကြီး အဖြစ်ပြောင်းလဲသွားတာပေါ့… အခုအမှုကဒီဆရာပဲလုပ်တာလား… ဒါပေမယ့် ဒီဆရာက အထူးကြပ်မတ်ထောင်မှာလေ…ဒါဆို ဘယ်သူကျူးလွန်တာလဲ… တရားခံနဲ့ ဒီဆရာ ဘယ်လိုပတ်သက်တာလဲ…တကယ်ပဲ ရဲအဖွဲ့ကထင်သလို မူပွားအမှုလား … ဘာလှည့်ကွက်တွေရှိဦးမှာလဲအခင်းဖြစ်ပွားပုံ အလောင်းခွဲစိတ်မှု အမှုလိုက်ပုံတွေက သည်းထိတ်ရင်ဖိုဖြစ်ပေမယ့်လည်းကာရိုက်တာချင်း ဆက်ဆံမှုကတော့ ဟာသလေးတွေ နှောထားတာမို့ရင်တထိတ်ထိတ် ရယ်ရမယ့် ကားလေးမို့ ပေါ့ပေါ့ပါးပါး အမှုလိုက်ချင်တယ်ဆိုဒီကားလေးကို  ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်…

အပိုင်းများ

Season - 1