Cinderella at 2AM새벽 2시의 신데렐라 FHD

Cinderella at 2AM새벽 2시의 신데렐라

Drama FHD 2024-08-24 8.3

ဒီတစ်ခါတော့ မမနဲ့ မောင်လေး ဇာတ်လမ်းမျိုး တောင့်တနေသူတွေအတွက် ယောက္ခမမြေက ဖြည့်ဆည်းပေးလိုက်ပါပြီMain cast တွေအနေနဲ့ မင်မင်တို့ရဲ့ အချစ်တော် Moon Sang Min နဲ့Reborn Rich, Tell Me That You Love Me တို့က မင်းသမီး Shin Hyun Been တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ရိုရိုချိုချိုလေးစောင်ကိုက်ကြည့်ချင်သူတွေအတွက် ကွက်တိပါပဲနော်ဇာတ်လမ်းအကျဉ်—————ဟာယွန်းဆော ( Shin Hyun Been )ဟာ ငယ်စဉ်တည်းက အိမ်တွင်းအကြမ်းဖက်မှုကြောင့်မောင်လေးဖြစ်သူကို လက်ဆွဲပြီး အိမ်ကနေ ထွက်လာခဲ့တဲ့ ခပ်ထက်ထက်အမျိုးသမီးတစ်ယောက်ပါလက်ရှိမှာလည်း ကုမ္ပဏီကြီး တစ်ခုမှာ အဖွဲ့မှူးအဖြစ် အလုပ်လုပ်နေသူတစ်ယောက်ပါသူ့ချစ်သူကောင်လေးဖြစ်တဲ့ ဆောဂျူဝန်း ( Moon Sangmin ) ကတော့ယွန်းဆောထက် အသက်လည်း ငယ်သလို သူဌေးမိသားစုရဲ့သား ဖြစ်နေပါတယ်မြင်ဖူးနေကျ ဇာတ်ကွက်တွေအတိုင်း သူဌေးသားလေးရဲ့ အမေက ဟာယွန်းဆောကို ပိုက်ဆံပေးပြီးသူ့သားနဲ့ လမ်းခွဲပေးဖို့ တောင်းဆိုလာပါတော့တယ်ဏ္ဋာရီပုံပြင်တွေဆိုတာ လက်တွေ့မှာမရှိဘူး လို့ ခံယူထားပြီးဂျူဝန်းအမေဆီက ပိုက်ဆံယူ ၊ လမ်းခွဲလိုက်ဖို့ စိတ်ကူးထားတဲ့ ဟာယွန်းဆော နဲ့အချစ်ကို ယုံကြည်ပြီး နှလုံးသားနောက်ကိုပဲ လိုက်တတ်တဲ့ သူဌေးသား ဆောဂျူဝန်းတို့ ဘယ်လို နှစ်ပါးသွားကြမလဲဆောဂျူဝန်းကပဲ ဟာယွန်းဆောကို စိတ်ပြောင်းသွားအောင် လုပ်နိုင်မလားဒါမှမဟုတ် တကယ်ပဲ သူတို့ လမ်းခွဲဖြစ်သွားကြမလားဆိုတာကိုတော့Cinderella at 2 AM ဆိုတဲ့ စီးရီးမှာ စနေ ၊ တနင်္ဂနွေနေ့တိုင်း ကြည့်ရှုရမှာဖြစ်ပါတယ်