ထိုင်းဟော်ရာဖန်တွေအတွက် Nextflix ရဲ့ Horror Series အသစ်ဖြစ်တဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ Terror Tuesday ကို တင်ဆက်ပေးလိုက်ပါတယ်။Terror Tuesday ဆိုတဲ့ ရေဒီယိုအစီအစဉ်မှာ တင်ဆက်ပြီးဖြစ်တဲ့ဟော်ရာဇာတ်လမ်းများကို ပုံဖော်ပြီးတော့ ပြန်လည်ရိုက်ကူးတင်ဆက်ပြသပေးထားတဲ့ စီးရီးလေးဖြစ်ပါတယ်။အပိုင်း(၈)ပိုင်းပါဝင်ပြီးတော့ တစ်ပိုင်းကို တစ်ပုဒ်အနေနဲ့ ဟော်ရာဇာတ်လမ်း ၈ခုအကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။တစ်ပုဒ်ကို ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်စီနဲ့ ဘယ်လိုမျိုး ကြောက်မက်ဖွယ်ရာရသတွေပေးစွမ်းနိုင်မလဲဆိုတာကို အတူတူခံစားကြည့်ရှုလိုက်ကြပါစို့။