백설공주에게 죽음을-Black Out FHD

백설공주에게 죽음을-Black Out

Crime Mystery FHD 2024-08-16 10

ဒီတစ်ခါမှာတော့ ကျွန်တော်တို့  Black Out ဆိုတဲ့မှုခင်းဇာတ်လမ်းတွဲအသစ်လေးကို ဘာသာပြန်တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။Main Cast တွေအနေနဲ့ကတော့ ဂိုဂျောင်အူးအဖြစ် Mr. Sunshine၊Uncle Samsik ထဲမှ  Byun Yo Han၊ နိုဆန်းချောလ်အဖြစ် The Fiery Priest ထဲမှGo Jun တို့အပြင် The Heavenly Idol ထဲမှ Go Bo Gyeol၊ SKY Castle ထဲမှ Kim Bo Ra တို့က အဓိကပါ၀င်သရုပ်ဆောင်ထားပါတယ်။ဉာဏ်ရည်ထက်မြက်ပြီး ပညာရေးမှာထွန်းပေါက်တဲ့ ဂိုဂျောင်အူးတစ်ယောက်SAT စာမေးပွဲဖြေပြီးတဲ့နောက်မှာ စိတ်ပြေလက်ပျောက်ခရီးတစ်ခုကိုထွက်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီခရီးစဥ်မှာပဲ သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲနဲ့ ဂိုဂျောင်အူးတစ်ယောက်သာမန်ကျောင်းသားဘ၀ကနေ လူသတ်သမားတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ရပြီးထောင်ဒဏ်၁၀နှစ်ကျခဲ့ပါတော့တယ်။၁၀နှစ်ကြာပြီး ထောင်ကလွတ်လာတဲ့အချိန်မှာတော့သာမန်ဘ၀လေးတစ်ခုမှာပဲ အေးဆေးနေတော့မယ်လို့ဆုံးဖြတ်ခဲ့ပေမဲ့လည်းထိုအချိန်မှစပြီး ဆက်တိုက် သူ့အနီးနားပတ်၀န်းကျင်မှာ ထူးဆန်းတဲ့အမှုကိစ္စတွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။အဲဒီကနေတစ်ဆင့် စုံထောက် နိုဆန်းချောလ်နဲ့ သိကျွမ်းသွားခဲ့ရပြီးနစ်ယောက်အတူတူ ထူးဆန်းတဲ့အမှုကိစ္စတွေကို ဖြေရှင်းရာမှ လွန်ခဲ့တဲ့၁၀နှစ်ကအမှုကိစ္စကပါ ရောထွေးပတ်သတ်နေတာကို သိသွားခဲ့တဲ့အခါမှာတော့…သူတို့နှစ်ယောက်ပူးပေါင်းပြီး အမှုကိစ္စတွေကိုဘယ်လိုဖြေရှင်းကြမလဲ..။ဒီအမှုတွေရဲ့နောက်ကွယ်က တကယ့်တရားခံက ဘယ်သူလဲဆိုတာကို အပတ်စဥ်သောကြာ၊ စနေနေ့တိုင်း ဒီ Black Out ဆိုတဲ့ဇာတ်လမ်းတွဲကိုကြည့်ရင်းအတူအဖြေရှာကြည့်လိုက်ရအောင်နော်။