PerfectFamily완벽한 가족 FHD

PerfectFamily완벽한 가족

Drama Family FHD 2024-08-12 10

ဒီဇာတ်ကား​လေးထဲမှာ​တော့ ဝါရင့်မင်းသားကြီး Kim Byung Chul ၊ မင်းသမီး​ကြီး Yoon Se AMouse , Zombie Detective ကားထဲက မင်းသမီး Park Ju Hyun တိုနဲ့အတူLee Shi Woo၊ Kim Young Dae၊ Choi Ye Bin စတဲ့ နာမည်ကြီးများစွာ ပါဝင်ထားပြီးဂျပန်ဒါရိုက်တာကြီး Isao Yukisada ရဲ့ ပထမဆုံးရိုက်ကူးထားတဲ့ ပွဲဦးထွက်ကိုရီးယား Thriller ဒရာမာကား​လေးပဲဖြစ်ပါတယ်Thriller ကြိုက်တဲ့ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ နောက်ထပ် တစ်ကားပေါ့နော်ဇာတ်လမ်းအကျဉ်း————–Choi Jin Hyeok က ​အောင်မြင်တဲ့ ​ရှေ့​နေတစ်​ယောက်ဖြစ်ပြီးသူ့မှာ Ha Eun Jun ဆိုတဲ့ ဇနီးနဲ့ Choi Seon Hui ဆိုတဲ့ ​မွေးစားသမီး​လေးတစ်​ယောက်ရှိပါတယ်မိသားစုကို အရမ်းချစ်ပြီး အောင်မြင်​​ကျော်ကြားတဲ့ ​ရှေ့​နေတစ်​ယောက်ဖြစ်တဲ့ ဖခငမိသားစုကိုပဲ အချိန်​တွေ​ပုံအော​ပေးထားပြီး သမီးအတွက် ဘာမဆိုလုပ်နိုင်တဲ့ မိခင်ကျောင်းမှာ ထိပ်တန်း​ကျောင်းသူစာရင်းထဲ ဝင်တဲ့ သမီး​ဒီ ၃ ယောက်ကတော့ အစစအရာရာ ပြည့်စုံပြီး ​ပျော်ရွှင်ဖွယ်မိသားစု​လေးကို ပိုင်ဆိုင်ထားကြတဲ့ မိသားစု​လေး​ပေါ့ဒါ​ပေမဲ့ တစ်​နေ့မှာ သမီးဖြစ်သူက သူငယ်ချင်းဖြစ်သူရဲ့ လူသတ်မှုမှာ ပါဝင်မိသွားပြီး ​သွေး​တွေ​ပေကျံနေတဲ့ အဝတ်အစားတွေနဲ့ အိမ်ကို ပြန်လာပြီး​နောက်မိသားစုအချင်းချင်း သံသယ​တွေဝင်ပြီး အရာရာ ပြောင်းလဲသွားပါ​တော့တယ်သူတို သိပ်ချစ်ရတဲ့ သမီးဖြစ်သူကို ကာကွယ်​ပေးပြီးအရင်လို ​ပြီးပြည့်စုံပြီး ​ပျော်ရွှင်ဖွယ်မိသားစု​လေးဖြစ်​အောင် ပြန်ဖန်တီးနိုင်ကြမလာဒါမှမဟုတ် သူတိုမိသားစုရဲ့ အမှန်တရား​ပေါ်​ပေါက်သွားမလား ….အဲဒီအပြင် ဒီလူသတ်မှု​ကြောင့် သူငယ်ချင်း​တွေကြားထဲမှာ​ရော ဘာ​တွေဆက်ဖြစ်လာမလဲ ဆိုတာကိုသည်းထိပ်ရင်ဖိုစွာနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကား​လေးပဲဖြစ်ပါတယ်