Crime, Thriller တွေကြိုက်တဲ့ ပရိသတ်တွေ လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားလေးပါနော်သရုပ်ဆောင်တွေအနေနဲ့လည်း နာမည်ကြီးဝါရင့်မင်းသားကြီး Son Hyun Joo, Kim Myung Min တို့အပြင်Escape of seven ,sweet home တို့မှာပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Kim Do Hun,Hun Nam Jun နဲ့မင်းသမီးချောလေး Jung Eun chae တို့ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်း———သားဖြစ်သူအတွက် ဘယ်အရာမဆိုလုပ်ဖို့အဆင်သင့်ဖြစ်ပြီမကောင်းဆိုးဝါးလို့သတ်မှတ်ခံရတဲ့လူတစ်ယောက်ဖြစ်လာဖို့တောင်ဝန်မလေးတဲ့ဖခင်တစ်ဦးရဲ့မေတ္တာ အတ္တကြီးမားပုံတွေကိုထင်ထင်ရှားရှားတွေ့မြင်ရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်လူတိုင်းလေးစားခံရတဲ့ နာမည်ကြီးတရားသူကြီး Song Pan Hoကြင်နာတတ်ပြီး ဘာနာမည်ပျက်မှမရှိတဲ့အောင်မြင်တဲ့ဘဝမှာဖြောင့်မတ်မှန်ကန်ပြီး သမာသမတ်ကျစွာနေထိုင်ခဲ့ပေမဲ့သားဖြစ်သူကြောင့် သူမလုပ်ဖူးတဲ့လုပ်ရပ်ကိုလုပ်ရတဲ့အခါ….ဒုစရိုက်အဖွဲ့အစည်းရဲ့သွေးအေးလူသတ်သမား ရက်စက်တဲ့သူလို့နာမည်ကြီးတဲ့ Kim Kang Heon ဟာဆိုရင်သူ့ကိုမြင်တာနဲ့လူတကာဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့သူဖြစ်ပေမဲ့သားကိုတော့ တုန်နေအောင်ချစ်တဲ့အဖေတစ်ယောက်ပဲဖြစ်ပါတယ်ယာဉ်မတော်တဆဖြစ်ပြီး သားဖြစ်သူသေသွားတဲ့အခါKim Kang Heon တစ်ယောက်မတော်တဆမှုနောက်ကွယ်ကအကြောင်းကိုစုံစမ်းရင်းဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းမှာကြည့်ရှုရမှာဖြစ်ပါတယ်