Love Andante사랑의 안단테 FHD

Love Andante사랑의 안단테

ဒီဇာတ်ကားလေးကတော့ တောင်ကိုးရီးယား နဲ့ မြောက်ကိုးရီးယား ငြိမ်းချမ်းရေးရပြီးတဲ့နောက် စစ်မဲ့ဇုန်မှာငြိမ်းချမ်းရေး”ရွာ လို့ အမည်ရတဲ့ ရွာတစ်ရွာတည်ပြီးတောင်/မြောက် နိုင်ငံသားတွေ ယှဉ်တွဲနေထိုင်ကြတဲ့အကြောင်းကိုအခြေခံထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ။Lim Juyeong ( Kwon Hyunbin )ဟာ တောင်ကိုးရီးယား နာမည်ကြီး စန္ဒယားပညာရှင် ဖြစ်ပြီးHa Na Kyung ( Song Jiwoo )ကတော့ မြောက်ကိုးရီးယား အရာရှိကြီး တစ်ယောက်ရဲ့ အကြီးဆုံးသမီးဖြစ်သလိုနာမည်ကြီး ဆေးဝါးပညာရှင်လည်း ဖြစ်ပါတယ် ။တောင်ကိုးရီးယားနိုင်ငံသားနဲ့ မြောက်ကိုးရီးယားနိုင်ငံသူလေးတို့ဟာ အကြောင်းကြောင်းကြောင့် “ငြိမ်းချမ်းရေး”ရွာကို ရောက်လာကြပြီးအဲဒီရွာရဲ့ နေထိုင်သူရွေးချယ်တဲ့ smart AI စနစ်ရဲ့ အမှားအယွင်းကြောင့်တစ်အိမ်တည်း အတူနေရဖို့ ဖြစ်လာတဲ့အခါ …ဘယ်လိုအလွဲလေးတွေနဲ့ ကြုံရမလဲ ။အလွဲလေးတွေကြားထဲမှာ နှစ်ယောက်သား ခံစားချက်တွေ ဘယ်လောက်ပြောင်းလဲလာမလဲဆိုတာကို“ငြိမ်းချမ်းရေး”ရွာသားတွေနဲ့ ဇာတ်ကြောင်းအဖုံဖုံနဲ့အတူ ဗုဒ္ဓဟူးနေ့တိုင်း ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ် ။