Pill FHD

Pill

Drama FHD 2024-07-12 8

အသစ်ထွက်ရှိလာတဲ့ ဟင်ဒီစီးရီးထဲမှာမှ အတော်လေးနာမည်ရထားပြီး rating ကောင်းတဲ့ Medical စီးရီးလေးကိုပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်လူသားတို့ ကျန်းမာရေးအတွက် စိတ်ချလက်ချသောက်သုံးတဲ့ဆေးတွေကအမှန်တကယ်ရော စိတ်ချနိုင်ပါ့မလား ဒီဇာတ်လမ်းတွဲလေးမှာဆေးဝါးကုမ္ပဏီရဲ့ နောက်ကွယ်က အကျင့်ပျက်မှုတွေကို တွေ့မြင်ရမှာပါအိန္ဒိယမှာတင်မက ကမ္ဘာ့အင်အားကြီး ဆေးဝါးလုပ်ငန်းစုဖြစ်တဲ့Forever Cure Pharma က ဈေးကွက်ကို ဦးဆောင်ချုပ်ကိုင်လျက်ရှိပါတယ်ပြိုင်ဘက်တွေကို အသာရစေဖို့ ဆေးဝါးသစ်စမ်းသပ်ရေးမှာ စမ်းသပ်လူနာအရေအတွက်ပိုပြတဲ့အလိမ်ဇယားတွေကို လုပ်ဆောင်ရာမှာ ဆေးဝါးကုမ္ပဏီကဝန်ထမ်း၊ ကြားလူနဲ့ ဆရာဝန်များကပါ အဂတိမှုမှာ ဆက်စပ်ပါဝင်နေတာပါအလုပ်ကျင့်ဝတ်နဲ့အညီ စာရိတ္တကို အပျက်အစီးမခံတဲ့ ဒေါက်တာပရာကာ့ရှ်၊ဆေးဝါးလုပ်ငန်း စစ်ဆေးရေးမှူးမလေး၊ Forever Cure က ဝန်ထမ်းတစ်ယောက်နဲ့အကြောက်တရားကင်းမဲ့တဲ့ ဂျာနယ်လစ်တို့ကဒီလိုပုပ်ပွမှုတွေကို အဖြစ်မှန်ဖော်မီးမောင်းထိုးပြဖို့ ဘယ်လိုကြိုးပမ်းသွားကြမှာလဲဆိုတာ ရှုစားရမယ့် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်