ဂျပန်ဆန့်ကျင်ရေးကာလက ဇာတ်လမ်းတွဲတွေကို နှစ်သက်တဲ့ပရိသတ်တွေအတွက် Lost Identity ပြီးသွားတဲ့နောက်Zeng Shunxi ရဲ့ ကားသစ်လေးထွက်လာပါပြီနော်ဇာတ်လမ်းအညွှန်း 1941 ခုနှစ် စူးကျိုးမှာ ဖြစ်ပွားခဲ့တဲ့ဂျပန်ဆန့်ကျင်ရေးစစ်မက်ကာလတွေကို ဇာတ်အိမ်တည်ထားတဲ့ဒီကားလေးမှာတော့ ပြည်ပကပြန်လာတဲ့ ဗိသုကာပညာရှင်Gu Yizhong (Zeng Shunxi) နဲ့ ချစ်သူမိန်းကလေးXiao Ruotong (Wang Yuwen) တို့ဟာဂျပန်ဆန့်ကျင်ရေးစစ်ပွဲတွေ ဖြစ်ပွားလာတဲ့အခါကွန်မြူနစ်ပါတီရဲ့ မြေအောက်အဖွဲ့အစည်းအဖွဲ့အဝင်တွေ ဖြစ်လာခဲ့ပါတယ်အရှုပ်အထွေးတွေကြားထဲမှာ Gu Yizhong တစ်ယောက်ပါတီရဲ့ သစ္စာဖောက်အဖြစ် စွပ်စွဲခံရပြီးနောက်မှာတော့စူးကျိုးအထူးတပ်ဖွဲ့ရဲ့ ဂျပန်ဘက်ကို စစ်ရေးသတင်းစုံစမ်းဖို့လွှတ်ထားခဲ့တဲ့ သူလျှိုတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ Gu Yizhong ဟာအခက်အခဲနဲ့ဖိအားပေါင်းများစွာကြားမှာဝမ်းရုပ်သေးအစိုးရထောက်လှမ်းရေးစခန်းရဲ့တာဝန်ခံ Zhou Zhifei, ဂျပန်စစ်ရေးအကြံပေးအရာရှိJinteng Linan တို့နဲ့ ယှဥ်ပြိုင်လှုပ်ရှားရင်းတကယ့်သစ္စာဖောက် ဟေးပါးကို ဖော်ထုတ်ပြီးရှင်းပစ်ဖို့တစ်ကိုယ်တော် ဘယ်လိုကြိုးစားသွားမလဲဆိုတာဒီဇာတ်လမ်းတွဲလေးမှာ အားပေးကြပါဦး