ဇာတ်လမ်းအကျဉ်းကတော့ အားလုံးသိပေမယ့် ပြန်ပြောပြပါရစေဦး။ကောင်းကင်ရဲ့အဖိုဓာတ်(ယင်) နဲ့ မြေပြင်ရဲ့အမဓာတ်(ယန်) တို့ပေါင်းဆုံရာက ဖြစ်ပေါ်လာတဲ့ ကျောက်တုံးတစ်တုံးဟာတစ်နေ့မှာ လေပြင်းတိုက်ခတ်မှုနဲ့ အက်ကွဲလာပြီးမျောက်တစ်ကောင် ဖြစ်လာခဲ့ပါတယ်။သူကတော့ ဝူခုံးပါပဲ။ဝူခုံးဟာ သူ့အောက်လက်ငယ်သား မျောက်တွေနဲ့ ပျော်ပျော်ပါးပါးနေရာကတစ်နေ့မှာ မျောက်တစ်ကောင် သေဆုံးသွားလို့မသေချင်တဲ့အတွက် ဆရာတစ်ပါး ရှာပြီး ဆည်းပူးရာကတန်ခိုးအချို့ကို ရရှိခဲ့ပါတယ်။ဒီတန်ခိုးတွေကြောင့်ပဲ ကောင်းကင်ဘုံက သူ့ကို ထိန်းသိမ်းဖို့အတွက်မြင်းထိန်းရာထူးပေးပြီး ခန့်အပ်ခဲ့ပေမယ့်ဝူခုံးတစ်ယောက် သိရှိသွားချိန်မှာတော့ ကောင်းကင်ဘုံမှာ သောင်းကျန်းပါတော့တယ်။ဒီအချိန်မှာ နတ်မင်းအပေါင်းတို့ မနိုင်နင်းဘဲမြတ်စွာဘုရား ကိုယ်တော်တိုင် သူ့လက်နဲ့စီရင်ထားတဲ့ဓာတ်ကြီး ၅ ပါးတောင်အောက်မှာ အပြစ်ပေးထားခဲ့ပါတယ်။နှစ်ပေါင်း ၅၀၀ အကြာမှာတော့ ဝူခုံးရဲ့ဆရာတော် ဖြစ်လာမယ့်ဆရာတော် ထန်စန်း နဲ့ ဆုံတွေ့ခဲ့ပြီးအနောက်တိုင်းကို ပိဋကတ်သုံးပုံ ပင့်ဆောင်ဖို့ လိုက်ပါခဲ့ရပါတော့တယ်။ဒါကတော့ ဝူခုံးနဲ့ ဆရာတော်တို့ရဲ့ အနောက်သို့ ခရီးသွားမှတ်တမ်းပဲ ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ညီအကိုတွေ ဖြစ်လာမယ့် ကျူးပါကျဲ နဲ့ ဆားဝူကျင်း၊မြင်းဖြူအဖြစ်ပါလာမယ့် နဂါမင်းသားလေးတို့ပါ ပါလာခဲ့ပါတယ်။အနောက်ကို ခရီး အတူတူ သွားလိုက်ကြရအောင်ပါ။