Love’s Rebellion四海重明 FHD

Love’s Rebellion四海重明

Drama FHD 2024-07-31 8.3

တရုတ်နတ်ကား‌တွေမှ ကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက်love’s Rebellion ဆိုတဲ့ရှန်းရှဇာတ်လမ်းကောင်းလေးတစ်ကားထွက်ရှိလိုလာပါပြီနော် ။ဇာတ်ကားလေးကတော့ နာမည်ကြီးစာရေးဆရာမတစ်ဦးဖြစ်တဲ့Yidai Xue ရဲ့ ” I have three dragon childhood sweethearts ”ဆိုတဲ့ဝတ္ထုလေးကနေ ကောက်နုတ်တင်ဆက်ထားတာပြီးမင်းသမီး ကျန်းထင် ၊ ဟိုတလောလေးကမှပြီးသွားတဲ့ Royal Princess ကားရဲ့မင်းသားကျန်းလင်ဟယ့်တိုပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့အမေဖြစ်သူကိုကယ်တင်ဖိုအတွက် မသေမျိုးကမ္ဘာမှာခရီးထွက်ဖိုအကြောင်းဖန်လာတဲ့ သမားတော်မလေး နန်ယန်ကနေဒီဇာတ်လမ်း‌လေးစတင်ဖြစ်လာခဲ့ပါတယ် ။နောက်တော့အကြောင်းတိုက်ဆိုင်စွာနဲ့ အကြောင်းအရင်းတစ်ခုကြောင့်ဇစ်မြစ်အမှန်ကိုဖုံးကွယ်ထားတဲ့ ပင်လယ်လေးခုရဲ့ဧကရာဇ်ဖြစ်သူကျီးယန်နဲ့ စိတ်ဝိညာဉ်ထုံးဖွဲမှုတစ်ခုလုပ်ဖြစ်သွားတော့တယ် ။ဒီလိုနဲ့ အစပိုင်းမှာ မတည့်အတူနေ စိတ်သဘောထားခြင်းမိုးနဲ့မြေလိုကွာခြားနေတဲ့သူတိုနှစ်ယောက်ဟာနန်ယန်ရဲ့အမေဖြစ်သူရဲ့ နာမကျန်းဖြစ်မှုကိုစုံစမ်းကြရင်းမသေမျိုးလောကရဲ့ အရှုပ်တော်ပုံထဲ ဝင်ပါမိသွားချိန်မှာတော့…ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်ကားလေးထဲမှာရင်ခုန်စိတ်လှုပ်ရှားဖိုကောင်းစွာနဲ့လိုက်ပါစီးမြောလိုက်ကြပါအုံးနော် ။