အသစ်ထွက်ရှိလာတဲ့ ဟင်ဒီ ဟာသ/ ကျောင်းသား ဒရာမာဇာတ်လမ်းတွဲလေးကို ပရိသတ်တိုအတွက် တင်ဆက်ပေးလိုက်ပါတယ်ဟင်ဒီ ခရစ်ယာန် သီလရှင်ကျောင်းတစ်ကျောင်းမှာ ဇာတ်လမ်းကို အခြေတည်ထားပြီးအကျင့်စရိုက်မတူတဲ့ ကိုးတန်းကျောင်းသူလေးတွေရဲ့ ကျောင်းသူဘဝကို ဖော်ပြထားပါတယ်နီကီတာက စစ်စတာတွေ မကြိုက်တဲ့ ဇိုးတစ်ယောက်ဖြစ်ပြီး ကျောင်းထုတ်ခံရဖိုလက်တကမ်းအကွာရောက်နေသူပါ သူ့အချစ်ဆုံးသူငယ်ချင်းဇိုယာကတော့ လုံးဝဆန့်ကျင်ဘက် ရှစ်တန်းမှာ ၉၈% မှတ်နဲ့ ပထမရခဲ့သူ။မလည်မဝယ် ကိုးတန်းနှစ်ကျကျောင်းသူ အန်းကတော့ သူ့ကိုလှောင်ပြောင်သူတွေကြားမှာဇိုယာ့ကို အားကိုးရသူဖြစ်ပြီး ကျောင်းသူသစ် သူဌေးသမီး ဂါဂီကတော့ မာနခပ်ထွားထွားကျောင်းသူဖြစ်ပါတယ်အကျင့်စရိုက် လုံးလုံးလျားလျားကွဲပြားနေတဲ့ သူတိုလေးယောက် ငယ်ရွယ်နုပျိုတဲ့ကျောင်းသူဘဝမှာ အသစ်အဆန်းတွေ ရှာဖွေကြပုံ၊ သူငယ်ချင်း အချင်းချင်း ရိုင်းပင်းကူညီစိတ်၊ရိုးသားဖြူစင်ခြင်း၊ ဘဝနှင့် အလှတိုကို ခံစားရမယ့် မီနီစီးရီးလေး ဖြစ်ပါတယ်