Lampan FHD

Lampan

Unknown FHD 2024-05-16 8.3

အားလုံးပဲ ကျွန်တော့်နာမည်က လမ်ပန်ပါဗျ၊တစ်ခါတလေ ချစ်စနိုးနဲ့ လမ်ပူ လမ်ပယာ ဆိုပြီးလည်း ခေါ်ကြပါတယ်။ကျွန်တော်တို့ မိသားစုလေးမှာ ဖေဖေရယ် မေမေရယ် ညီမလေး ၂ ယောက်ရယ် ရှိကြတယ်။ဒါပေမဲ့ ဘာလို့မှန်းမသိပါဘူး မေမေက သူ့ ဖေဖေ မေမေရှိတဲ့ ရွာလေးကိုဘိုးဘိုးဘွားဘွားက၂ ယောက်တည်း နေတာမို့လို့ အဖော်ရအောင် သွားနေလိုက်ပါတဲ့၊ သူကတော့ ညီမလေး ၂ ယောက်ကအဖော်ရှိလို့ အဆင်ပြေတယ်ဆိုပြီး ပြောပါတယ်။ ဘိုးဘိုးကတော့ အိမ်မှာ သူ့ဘာသာ အေးဆေးနေတတ်ပြီးဘွားဘွားကတော့ အမြဲတမ်း ပွစိပွစိနဲ့ ကျွန်တော် ဘာပဲလုပ်လုပ် ဆူပူကြိမ်းမောင်းနေပေမဲ့ နှစ်ယောက်လုံးက ချစ်ကြပါတယ်ဒါပေမဲ့လည်း အထီးကျန်သလိုပဲ အဲဒါကြောင့် မကြာခဏ မေမေ့ကို လွမ်းမိပါသေးတယ်။ကျောင်းမှာကျတော့လည်း သူငယ်ချင်းတွေ ရှိပေမဲ့ အထီးကျန်သင်းကွဲတစ်ယောက်လိုပဲ ခံစားရပါတယ်။ဒီလိုနဲ့ ချောင်ကျကျ ရွာလေးက အဖော်မဲ့ဖြစ်နေတဲ့ ကျွန်တော့်ကို အဖော်လုပ်ပေးရင်း ကြည့်ပေးကြပါဦးလို့ တောင်းဆိုလိုက်ပါရစေနော်…။ပထမဆုံး ပြောပြချင်တာတော့ ပရိသတ်တွေရဲ့ စိတ်နှလုံးကို ပင်ပန်းနွမ်းနယ်မှုတွေကနေ ချစ်ခြင်းမေတ္တာတရားနဲ့ နွေးထွေးအောင် လုပ်ပေးမယ့်ဇာတ်လမ်းတွဲလေးပါလို့။ တခြားအိန္ဒိယရုပ်ရှင်တွေလို အိုဗာတွေမပါ၊ အက်ရှင်တွေမပါ၊ တရားစွဲ အကျင့်ပျက် ခြစားတာတွေမပါပဲအရောင်တွေ မစုံသေး မခြယ်သရသေးတဲ့ ကလေးလေးတစ်ယောက်ရဲ့ ခံစားချက်တွေ သိလိုစိတ်တွေ ဖြစ်တည်မှု အမြင်လေးတွေကိုသဘာဝအတိုင်း ရိုးရိုးလေး ပုံဖော်ထားတာကို မြင်ရတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းပိတ်ရင် ရွာကို အလည်သွားကြတဲ့နွေးထွေးတဲ့ ကျေးလက်ဒေသ မြင်ကွင်းလေးတွေကိုလည်း ပြန်အောက်မေ့အမှတ်ရစေတယ်။နောက်ခံသံစဉ်တွေလည်း ဇာတ်သဘောအလိုက် အလွန်အကျွံ မရှိပဲ မျှမျှတတလေး ကြည့်ရှုသူ ရင်ထဲထိအောင် ထည့်ပေးထားတယ်။”အပူအပင်ကင်းတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီး ရချင်သေးတယ်” ဆိုပြီး ခုလက်ရှိ အပူမီးလေးတွေ တစ်ခဏတာငြိမ်းအေးသွားအောင် ဖြူစင်လွန်းလှတဲ့ ငယ်ဘဝလေးကို တစ်ခေါက်တစ်ခါ အလည်သွားလိုက်ရအောင်လားဗျာ….။

အပိုင်းများ

Season - 1