Òlòtūré: The Journey FHD

Òlòtūré: The Journey

Crime Drama FHD 2024-06-28 6.333

ဒီတစ်ခေါက်မှာတော့  ပရိတ်သတ်ကြီးအတွက်အသစ်ထွက်ရှိထားတဲ့ Netflix mini series လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။အိုလိုကျူရီ ဆိုတဲ့ တက်သစ်စဂျာနယ်လစ်‌လေးဟာ လူကုန်ကူးမှုအကြောင်းသတင်းရေးဖို့အတွက် အသွင်ယူတာကနေ စပါတယ်။ဒီကနေပဲ ပြဿနာတွေလည်း စတော့တာပေါ့။လူအချိတ်အဆက်တွေများ ရှုပ်ထွေးပွေလီလှတဲ့ဒီနယ်ပယ်ကြီးထဲမှာ အိုလိုကျူရီတစ်ယောက် လက်လွန်ကြက်သွန်ဖြစ်ရင်းပြန်ထွက်မရတော့တဲ့ အခြေအနေထိပါ ရောက်ကုန်ပါတယ်။ဒီလိုကနေ ဥရောပကိုပို့မယ့် လူကုန်ကူးခရီးစဉ်မှာ လိုက်ပါလာရပါတယ်။တရားမဝင်သွားရတဲ့ခရီးမှာ ဒုက္ခအလီလီ ကြုံတွေ့ရပုံတွေကို ရိုက်ကူးပြထားတာပါ။နောက်တစ်ခုက သူရေးမယ့်သတင်းကရော ဘယ်လိုဆက်ဖြစ်မလဲ၊သူရဲ့ဘဝကြီးကရော ဘယ်လိုတွေဆက်ဦးမလဲ။ ဆက်လက်ကြည့်ရှုကြပါဦး။

အပိုင်းများ

Season - 1