Uppu Puli Kaaram FHD

Uppu Puli Kaaram

Comedy Drama Family FHD 2024-05-30 8.3

၅၂၈ မေတ္တာတွေ ၁၅၀၀ ချစ်ခြင်းတွေနဲ့ အမောအပန်းပြေ ရယ်မောစရာလေးတွေနဲ့ပုံဖော်ထားတဲ့ မိသားစုဟာသ စီးရီးလေး ဖြစ်ပါတယ်။ချန်နိုင်းမြို့မှာ ရိုးရိုးသားသား အေးချမ်းစွာနဲ့ စားသောက်ဆိုင်လေး ဖွင့်ထားတဲ့ မိသားစုလေး ရှိပါတယ်။ဖခင်ဖြစ်သူက စကားတစ်ခုခုပြောတိုင်း စားစရာသောက်စရာများနဲ့ ဥပမာပေး ခိုင်းနှိုင်းတတ်သူ ဖြစ်ပြီးအကောင်းမြင်စိတ်လေးနဲ့ ရှင်သန်နေသူတစ်ဦး။ မိခင်ဖြစ်သူကတော့ မိသားစုတွေမှာ ထုံးစံအတိုင်း ဖြစ်နေကြတစ်ခုခုဆို ဆူပူကြိမ်းမောင်းပြောဆိုနေလို့ တစ်မိသားစုက ချစ်ကြောက်ရိုသေ ဖြစ်နေရသူပေါ့။သမီးကြီး ဖြစ်သူကတော့ မိဘတွေ ယောက်ျားအတင်းပေးစားနေပေမဲ့ ခေတ်ဟောင်းအယူကိုမုန်းတီးပြီး အမျိုးသမီးထတွေအတွက် တိုက်ပွဲဝင်နေတဲ့ ရှေ့နေမလေးတစ်ယောက်။သားဖြစ်သူကတော့ စိတ်သိပ်မပါပေမဲ့လည်း ဖအေဖြစ်သူရဲ့ ဆန္ဒကြောင့် IAS အရာရှိဖြစ်ဖို့ ကြိုးပမ်းနေရသူ။သမီးလတ်ကတော့ Gym မှာ အလုပ်လုပ်တဲ့လူ ဖြစ်ပြီး ရသမျှလခကို မိခင်က ဓားပြတိုက် အပိုင်သိမ်းနေလို့စိတ်ပျက်လက်ပျက်နဲ့ ထွက်ပေါက် ရှာနေသူတစ်ဦး။ အငယ်ဆုံးမလေးကတော့ အလုပ်လက်မဲ့လေး ဖြစ်ပြီးအလုပ်တွေ လိုက်ရှာရလွန်းလို့ စိတ်ပျက်ပြီး ပညာရေးနောက်တစ်ဆင့်တက်မှ အဆင်ပြေမယ်လို့ ယူဆနေသူတစ်ဦး။စသဖြင့် ဒီ မိသားစု ၆ ယောက်ကို အခရာပြုပြီး ကိုယ်စီ ကိုယ်စီ ပျော်ရွှင်ကြည်နူးစရာတွေတစ်နေ့တာ အခက်အခဲ ဒုက္ခတွေ ကြုံရဆုံရပုံကို ရသစုံ တင်ဆက်ပေးထားတဲ့ စီးရီးလေးပဲ ဖြစ်ပါတယ်။