FHD
Bujji & Bhairavaబుజ్జి అండ్ భైరవా
အခုတစ်ခေါက်တင်ဆက်ပေးချင်တဲ့ Animated series လေးကတော့ကလေးတင်မကလူကြီးတွေပါအကြိုက်တွေလောက်တဲ့ထိ ကောင်းတယ်လို့ဆိုရပါမယ်Imdb 7.8 ရရှိထားပြီး mini series တစ်ခုဖြစ်တာကြောင့် အချိန်ခဏပေးပြီး စိတ်အပန်းဖြေလိုက်ပါဦးရှင်ဗိုင်ရာဗာ…ရပ်ကွက်ထဲမှာမသိတဲ့လူမရှိ ကလေးတွေရဲ့ စွန့်စားခန်းသူရဲကောင်းအချစ်တော်ဆိုပေမဲ့လူကြီးတွေကတော့ မျက်မုန်းကျိုးနေပါတယ် စွန့်စားတတ်ပေမဲ့ အကြွေးတော့မပေးတတ်တဲ့ဗိုင်ရာဗာကဘာအလုပ်လုပ်လဲဆို ထွက်ပြေးတဲ့ရာဇဝတ်သားတွေကို ဆုကြေးရအောင်လိုက်ဖမ်းပေးတာပါသူ့ရဲ့အိပ်မက်က Complex ဆိုတဲ့အဖွဲ့ထဲဝင်ခွင့်ရဖို့ပါပဲ ဒါပေမဲ့ဒီထဲဝင်ခွင့်ရဖို့ကအဆင်မြင့်စီးတော်ယာဉ်ရှိမှဖြစ်မှာပါ ဒီဈေးကြီးတဲ့ယာဉ်က သူ့အတွက်တော့စိတ်ကူးယဉ်တစ်ခုလိုပဲပေါ့သူနဲ့တွေ့ဖို့အကြောင်းဖန်လာတာကတော့ Complex ဆိုတဲ့အဖွဲ့အစည်းထဲက ဘူဂျီဆိုတဲ့စက်ရုပ်လေးစက်ရုပ်ဆိုပေမဲ့ ထမ်းဆောင်ရတဲ့တာဝန်ကို 99ခုထိအောင်မြင်ခဲ့ပြီး 100မြောက်မှာလုပ်ကြံခံခဲ့ရလို့ လေယာဉ်ပျက်ကျပြီး အိမ်မပြန်နိုင်သူတစ်ဦးပါ ဗိုင်ရာဗာနဲ့ တွေ့ဆုံပြီးအိမ်ပြန်ဖို့စီးတော်ယာဉ်ဖန်တီးပြီးပြန်လာပေမဲ့ Complex ကသူ့ကိုပြန်လက်မခံခဲ့ပါဘူးရာထူးတိုးဖို့ ဒီ Complex ထဲဝင်မှဖြစ်မဲ့ဘူဂျီရယ် Complex ထဲဝင်ဖို့က ပန်းတိုင်ဖြစ်နေတဲ့ဗိုင်ရာဗာတို့ ပူးပေါင်းပြီး အခက်အခဲတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်