ရှားပါးလှတဲ့ စနေဂြိုဟ်သက်ရောက်ပေါင်းစည်းချိန်မှာ မွေးဖွားခဲ့ကြတဲ့ လူသုံးဦးကလောကကြီးကိုကယ်တင်ဖိုအတွက် ကံကြမ္မာဖန်လာပါတော့တယ်သူတိုသုံးဦးကတော့”ဓမ္မ”ဆိုတဲ့စကားလုံးကနေလာတဲ့ ထမ် လို့ နာမည်ရပြီး ရည်ရွယ်ချက်ကြီးမားပြတ်သား သွေးဆူလွယ်တတ်တဲ့ရဲတစ်ယောက်ရယ်”စိန်အစစ်”လို အဓိပ္ပါယ်ရတဲ့ ဖတ်ထယ်ဖြစ်ပြီး ဝိညာဉ်တွေကို မြင်နိုင်စွမ်းရှိရုံသာမကထိတွေ့လိုက်တဲ့အရာတိုင်းရဲ့ အဆုံးသတ်ချိန်ကိုပါ မြင်နိုင်တဲ့မိန်းကလေးနဲ့ကြီးမြတ်တဲ့ကံဇာတာဖြင့် မွေးဖွားလာပြီး ထူးခြားစွမ်းအင်ပိုင်ဆိုင်ထားတဲ့ ချန်ဆိုတဲ့ လူငယ်လေးတိုတွေပါကံကြမ္မာစေလိုရာအရ သူတိုသုံးဦးစလုံးပူးပေါင်းပြီး လောကကြီးကို မိစ္ဆာကောင်လက်ကနေ ကယ်တင်နိုင်ပါ့မလားမစ်ရှင်အောင်မြင်ဖို တစ်ယောက်က အသက်စတေးရမယ်ဆိုရင်ရော ဘာတွေဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရမယ့် သဘာဝလွန်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်