ထယ်ပေ ဖူဂျီမူရာကတော့ ကျောင်းသာဘဝကတည်းက စီးပွားရေးစလုပ်နေခဲ့သူပါ။သူ့ကိုစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်လာအောင် တွန်းအားပေးခဲ့တာကတော့နာမည်ကြီး ကုမ္ပဏီ ဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဆာဝါဘဲရဲ့ စာအုပ်ကြောင့်ပါပဲ။ဒါကြောင့်လည်း သူကျောင်းပြီးတဲ့အချိန်မှာ ဥက္ကဋ္ဌ ဆာဝါဘဲရဲ့ ကုမ္ပဏီမှာတက်ကြွစွာအလုပ်ဝင်ခဲ့ပေမဲ့လည်း နေ့စဉ်ပုံမှန်အလုပ်တစ်မျိုးချည်းလုပ်နေရပါတယ်။တစ်နေ့မှာတော့ လုပ်ငန်းသစ်အတွက် ကုမ္ပဏီတွင်းပြိုင်ပွဲလုပ်တဲ့အခါ ထယ်ပေနဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူဟီဒါကာတို့နှစ်ယောက် “အင်ဖလူရန်ဆာစီးပွားရေးလုပ်ငန်း” နဲ့ ဝင်ပြိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ ထယ်ပေတို့ရဲ့ အင်ဖလူရန်ဆာလုပ်ငန်းက သူတို့ရဲ့ စီနီယာဖြစ်သူ ယာမာနို တင်ပြတဲ့လုပ်ငန်းနဲ့ ဆင်တူနေတဲ့အခါမှာတော့ …