Too Hot to Handle FHD

Too Hot to Handle

Reality FHD 2020-04-17 6.7

လူငယ်စရိုက်သဘောသဘာဝနဲ့ လူငယ်တွေကြားမှာဖြစ်တတ်တဲ့ သမီးရည်းစားဆက်ဆံရေးကိစ္စတို့ကို အကောင်းဆုံးရိုက်ကူးဖော်ပြထားတဲ့ အမေရိကန်တီဗီဇာတ်လမ်းတွဲလေးနဲ့မိတ်ဆက်ပေးပါရစေ။လူပျိုလူလွတ် လူငယ်တစ်သိုက်ကို အပန်းဖြေစံအိမ်လိုတစ်ခုမှာစုထားပြီး သူတို့အချင်းချင်းကြားမှာဖြစ်ပေါ်လာနိုင်တဲ့ အချင်းချင်းချစ်ချင်တဲ့စိတ် အီစီကလီလုပ်ချင်တဲ့စိတ် နမ်းချင်ဖက်ချင် အတူနေချင်စိတ်တို့ကိုချုပ်တည်းစေပြီး စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပြီး အနိုင်ရရှိတဲ့သူကို ဆုကြေးငွေ ဒေါ်လာ ၂သိန်းခွဲပေးသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ ပထမတစ်ပိုင်းမှာတင် အကဲလွန် အအီလွန်ပြီးဝင်ပြိုင်တဲ့ လူငယ်တစ်သိုက်ထဲက ၂ယောက်က ပြိုင်တဲ့ပထမနေ့မှာပဲစည်းကမ်းဖောက်ဖျက်လို့ဆိုပြီး ထွက်ရမယ်ဆိုပြီး ဖြစ်လာပါတယ်။ နောက်မှသတ်မှတ်တဲ့ စည်းကမ်းကြောင့်ထွက်လိုက်ရမှာမို့မကျေမချမ်းဒေါသတွေဖြစ်ကြတာပေါ့။ ဒါပေမဲ့တကယ် မထွက်ရဘဲသူတို့အတွက် တခြားအစီအစဉ်တွေများရှိနေဦးမလားသူတို့လူငယ်တွေတစ်စု စည်းကမ်းတွေကိုလိုက်နာ စိတ်ကိုချုပ်တည်းပြီး ဘယ်သူကဒေါ်လာ ၂သိန်းခွဲကို ရသွားမှာလဲဆိုတာကိုတော့ဒီတီဗီစီးရီးလေးကို ဒေါင်းလုပ်ဒ်လုပ်ယူကြည့်ရှူရင်း သိရှိနိုင်မှာဖြစ်ပါတယ်။

အပိုင်းများ

Season - 1