Kota Factory S1कोटा फ़ैक्ट्री FHD

Kota Factory S1कोटा फ़ैक्ट्री

Comedy Drama FHD 2019-04-16 8.1

ဇာတ်လမ်းဇာတ်အိမ်တွေရော၊ သရုပ်ဆောင်တွေရော တော်တာ်လေးကောင်းပြီးFan base လည်းကြီးတဲ့ IMDb 9/10 ရ ဟင်ဒီစကားပြော ဇာတ်လမ်းတွဲလေးကိုပရိသတ်တွေခံစားနိုင်ဖို့ တင်ဆက်ပေးချင်ပါတယ်။အိန္ဒိယနိုင်ငံမှာ နာမည်အကြီးဆုံး တက္ကသိုလ်တစ်ခုရှိပါတယ်။အဲဒါကတော့ 3 idiots ရုပ်ရှင်ထဲက IIT အင်ဂျင်နီယာတက္ကသိုလ်ပါ။အဲဒီတက္ကသိုလ်ကို ဝင်ခွင့်ရဖို့အတွက် JEE နဲ့ NEET ဆိုတဲ့စာမေးပွဲတွေကိုဖြေရပါတယ်။ကိုတာဆိုတဲ့ မြို့လေးကတော့ အဲဒီစာမေးပွဲတွေကိုဝင်ဖြေဖို့ သီးသန့်လေ့ကျင့်ပေးတဲ့ကိုယ်ပိုင်ကျောင်းတွေအများအပြားရှိတဲ့ မြို့လေးပါ။ဉာဏ်ကောင်းပေမဲ့ အပျင်းကြီးပြီး အလွယ်လမ်းကိုရှာဖို့ကြိုးစားတတ်တဲ့ဗိုင်ဘာ့ဗ်ဆိုတဲ့ ၁၁ တန်းကျောင်းသားလေးဟာ IIT ဝင်ခွင့်ရဖို့ ကြိုးစားဖို့အတွက်ကိုတာမြို့ကို ရောက်လာခဲ့တယ်။အပေါ်ယံကြည့်ရင် ကိုတာမြို့မှာ အတော်ဆုံးကျောင်းသားတွေပဲရှိပြီး IIT ဝင်ခွင့်ရဖို့အသွားသင့်ဆုံးနေရာလို့ထင်ရပေမဲ့ တကယ်တမ်းတော့ ပြိုင်ဆိုင်မှု၊ မနာလိုမှုတွေ၊ပုံစံခွက်ထဲရိုက်သွင်းမှုတွေအများကြီးရှိနေပါတယ်။ငယ်ရွယ်နုနယ်တဲ့ ကျောင်းသားတွေကို ပြင်ပလောကကြီးနဲ့အဆက်ဖြတ်ပြီး တစ်ပုံစံတည်းဖြစ်အောင်ပုံသွင်းတတ်တဲ့အတွက် ကိုတာမြို့ကို ကိုတာစက်ရုံလို့တောင် နာမည်ပြောင်ပေးကြရတဲ့အထိပါပဲ။3 Idiots ရုပ်ရှင်ထဲက ချာတူးရ်လိုမျိုး အရာရာကို အလွတ်ကျက် ကူးချပြီးဖြေရှင်းချင်နေတဲ့ ဗိုင်ဘာ့ဗ်ကိုဂျီတူးဆိုတဲ့ IIT ဝင်ခွင့်မရခဲ့တဲ့ ဆရာတစ်ယောက်က သူ့အတွေ့အကြုံတွေပြောပြပြီး ရန်ချိုလိုဖြစ်လာအောင်လမ်းကြောင်းပေးပုံကို ဒီဇာတ်လမ်းတွဲထဲမှာ အဓိကမြင်ရမှာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲတစ်ခုကို အဖြူအမည်း ကာလာနှစ်ခုတည်းနဲ့ရိုက်ကူးထားတာဖြစ်ပြီး အဲဒါဟာ ကိုတာမြို့ကကျောင်းသားတွေကို Shindler’s List ရုပ်ရှင်ထဲက နာဇီတွေအကျဉ်းချတာခံထားရတဲ့ဂျူးအကျဉ်းသားတွေနဲ့ ခိုင်းနှိုင်းချင်လို့ဖြစ်တယ်လို့သိရပါတယ်။