ဇာတ်လမ်းအကျဥ်းလေးကတော့……..ချောမောလှပပြီး ကျောင်းမှာပေါ်ပြူလာဖြစ်တဲ့”အန်ဒီဘဲလ်”ဟာအသတ်ခံခဲ့ရပါတယ် နောက်တော့သူမရဲ့ရည်းစားဖြစ်သူ”ဆာလ်ဆင်း”က သူသတ်ခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့ပြီး သူ့ကိုယ်သူလည်းသတ်သေသွားပါတယ် အန်ဒီဘဲလ်ရဲ့အလောင်းကိုလည်းရှာမတွေ့ခဲ့တာကြောင့် ဒီလူသတ်မှုကို သေသေချာချာရုံးတင်စစ်ဆေးခြင်းမပြုဘဲ ကိုယ်တိုင်ဝန်ခံခဲ့တဲ့”ဆာလ်ဆင်း”ကိုပဲ တရားခံလို့သတ်မှတ်လိုက်ပြီး အမှုပိတ်လိုက်ပါတယ်ထို့နောက် ၅နှစ်ကြာပြီးနောက်မှာ ထက်မြတ်ပြီးဥာဏ်ကောင်းတဲ့ “ပစ်ပ်”ဆိုတဲ့ကျောင်းသူလေးဟာ ကျောင်းကပရောဂျက်တစ်ခုအတွက် ဒီအမှုကိုပြန်ပြီးအစဖော်ပါတော့တယ် သူမဒီအမှုကိုစုံစမ်းရတဲ့အကြောင်းက ကျောင်းပရောဂျက်ဆိုတာထက် “ဆာလ်ဆင်း”မှာ အပြစ်မရှိဘူးလို့ယုံကြည်နေလို့ပါအဲဒါကြောင့် အဲအမှုနဲ့ပက်သက်ခဲ့တဲ့လူမှန်သမျှဆီကိုသွားပြီး အင်တာဗျူးတာတွေလုပ်ပါတော့တယ် အဲ့လိုစုံစမ်းရင်းနဲ့ တကယ့်တရားခံအစစ်ကအခုထိအပြင်မှာလွတ်နေသေးတယ်ဆိုတာကို သူသိလာရပါတယ် သူအမှန်တရားကိုရှာတွေ့ဖို့နီးလာတာနဲ့အမျှ အန္တရာယ်တွေလည်းကြုံတွေ့လာရပါတယ်အဆုံးသတ်မှာ “ပစ်ပ်”တစ်ယောက်တကယ့်တရားခံအစစ်ကို ရှာတွေ့ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်