S3လို့ရေးထားလို့ S1/S2 မကြည့်ဘဲ S3ကြည့်လို့ရလားဆိုရင်S1/S2နဲ့ ဇာတ်လမ်းရော သရုပ်ဆောင်တွေရော လုံးဝမတူလို့ကြည့်လို့ရပါတယ်…Sung Joon ,Namkoong Minနဲ့ Kim So Yeon တို့လို နာမည်ကြီးသရုပ်ဆောင်တွေပါပြီးတော့အသုံးအနှုံးတွေ ခဲတစ်ပစ်အကွာရောက်တိုင်း အနမ်းခန်းတွေပါတာမို့လို့ကလေးတွေနဲ့ မိသားစုတွေ အတူကြည့်သင့်သလိုလို မကြည့်သင့်သလိုလိုစီးရီးပါပဲ…ကောင်လေးတစ်ယောက်ရှိတယ်…ကလေးဘဝကတည်းက သူ့ကိုထိန်းကျောင်းခဲ့တဲ့သွေးမတော် သားမစပ် မမတစ်ယောက်လည်းရှိတယ်… ကောင်လေးကတော့ ငယ်ငယ်လေးကတည်းကသံယော်ဇဉ်တွေအများကြီးတွယ်ခဲ့ရသူမို့ မမရှင်းရှင်း ဆိုပြီးရင်ထဲအမြဲရှိခဲ့တဲ့သူ…. သို့ပေမဲ့ရှင်းရှင်းအတွက်တော့ဒီကောင်လေးဟာ ရုပ်ဆိုးတဲ့ကောင်လေးဖြစ်တဲ့အပြင်သူမရဲ့ အမေဖြစ်သူဟာ ကောင်လေးရဲ့ သူဌေးမိသားစုအိမ်မှာအလုပ်လုပ်ခဲ့ရလေတော့ ပြောရရင်ကောင်လေးနာမည်နဲ့အသံကြားတိုင်းသိမ်ငယ်စိတ်တစ်မျိုးနဲ့မုန်းတီးနေခဲ့ရတဲ့သူပေါ့….ကောင်လေးကလည်း နိုင်ငံခြားသွားပညာသင်ကြားလို့ မမရှင်းရှင်းနဲ့နှစ်အကြာကြီးခွဲခွာခဲ့ရပါတယ်…ဒီလိုနဲ့ အချိန်အတော်ကြာပြီးနောက်ကိုရီးယားမှာ မမရှင်းရှင်းနဲ့ ပြန်ဆုံရတဲ့အခါ သူမျှော်လင့်ထားသလိုကလေးဘဝက ကြင်နာအေးမြတဲ့ရှင်းရှင်းမဟုတ်တော့တဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါမှာတော့….ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…ရယ်လည်းရယ်ရ….ရိုလည်းရိုရတဲ့ အပိုင်းတိုင်း စွဲမက်ဖွယ်မို့ ခံစားကြည့်ကြပါဦး….